၂၀၂၃ ခုနှစ်အတွက် အနုပညာရှင်များ၏ နှစ်သစ်ကူးဆုတောင်း စကားသံများ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၃ ခုနှစ်အတွက် အနုပညာရှင်များ၏ နှစ်သစ်ကူးဆုတောင်း စကားသံများ








MNP 

ဦးကြည်စိုးထွန်း


(မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ)


တစ်နှစ်တာရဲ့ နှစ်ဟောင်းပုံရိပ်တွေ ကုန်တော့မယ်ဆိုတော့ အရာရာဟာ မမြဲဘူးဆိုတဲ့ တရားသဘောကို ပြသနေပါတယ်။ တစ်ဦးနဲ့တစ်ဦး မေတ္တာကိုအရင်းတည်ပြီး အပြန်အလှန်ဖေးမကူညီမှုနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုမှာ တစ်တပ်တစ်အား ကျရာအခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်ကြခြင်းဖြင့် မိမိတို့ရဲ့တာဝန်များကျေပွန်မှုဟာ ဂုဏ်ယူဖွယ်လည်း ဖြစ်ပါတယ်။


နှစ်ဟောင်းကုန်လို့ နှစ်သစ်မင်္ဂလာ ၂၀၂၃-ခုနှစ်ကစတင်ပြီး ပြည်သူအပေါင်း စိတ်နှလုံးအေးချမ်း ပျော်ရွှင်ကြပါစေ။ ပြည်သူချစ်တဲ့ ရုပ်ရှင်လောကသားများလည်း နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။


ဦးအောင်လွင်


(ရုပ်ရှင်ဒါရိုက်တာ/သရုပ်ဆောင်)


အားလုံးပဲမင်္ဂလာပါ။ ကျွန်တော်တို့တစ်တွေဟာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ ဖြစ်ကြပါတယ်။ ကျွန်တော်တို့ဘာသာမှာ အဓိကထားတာကတော့ မေတ္တာ၊ ကရုဏာ နဲ့ မုဒိတာပါ။ သူတစ်ပါးအပေါ်မှာ မေတ္တာထားပြီး သူတစ်ပါးအောင်မြင်တာကို ဝမ်းမြောက်ဝမ်းသာဖြစ်တတ်ကြတာ ကြောင့် ဒီအခြေခံအပေါ်မှာ မူတည်ပြီး ဘာသာရေးမှာ အဆုံးအမရှိပါတယ်။ အဲဒီအခြေခံပေါ်မှာပဲ အဓိကအားဖြင့် မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး စားဝတ်နေရေးပြည့်စုံပြီး စိတ်အေးချမ်း၊ ကိုယ်အေးချမ်းစွာနဲ့ နေထိုင်နိုင်ပြီးတော့ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့စွာဖြင့် လိုအင်ဆန္ဒပြည့်စုံသော နိုင်ငံသူ နိုင်ငံသားများ ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။


ကျွန်တော်တို့ဟာ ရုပ်ရှင်လောကသားများကို အမြဲမေတ္တာထားလျက်ရှိပါတယ်။ အောင်မြင်တိုးတက်ပြီး အနုပညာ လုပ်ငန်းမှာ ကျွန်တော်တို့ထက်ပိုပြီးတော်တဲ့၊ သာတဲ့ တပည့်များဖြစ်ပါစေလို့ အမြဲတမ်းဆုတောင်းလျက်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ဆရာများကလည်း အဲဒီလိုပဲဆုပေးလေ့ရှိပါတယ်။ ရုပ်ရှင်ရုံများ စည်ကားပြီး ရုပ်ရှင်ချစ်ပရိသတ်များရဲ့ ရင်ထဲကို ရုပ်ရှင်အနုပညာများ ပြန်လည် စီးဆင်းပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်။


ဒေါ်ပုလဲ(ရုပ်ရှင်သရုပ်ဆောင်)


မြန်မာပြည်သူတွေနဲ့ ရုပ်ရှင်ချစ် ပြည်သူတွေ၊ ကမ္ဘာသူ၊ ကမ္ဘာသားအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေလို့ နှစ်သစ် မင်္ဂလာအတွက် ဆုမွန်ကောင်းပို့သပါ တယ်။ ပြည်သူကနေ ရုပ်ရှင်၊ ဂီတ၊ သဘင်ကို မွေးဖွားပေးတာဖြစ်တဲ့အတွက် ပြည်သူနဲ့ ရုပ်ရှင်လောကသားအားလုံး ချမ်းမြေ့ပါစေလို့ ဆုမွန်ကောင်း ပို့သပါတယ်။ အနုပညာကို မြတ်နိုးကြတဲ့ ပြည်သူပြည်သားအားလုံးကို လေးစား တန်ဖိုးထားပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေလို့ မေတ္တာပို့သရင်း အနုပညာရှင်များအားလုံးကို ချစ်ပါ၊ ခင်ပါ၊ အားပေးကြပါလို့ ပြောလိုပါတယ်။


ဒေါ်ဒေစီကျော်ဝင်း(ရုပ်ရှင်သရုပ်ဆောင်)


ချစ်ပရိသတ်ကြီးရေ နှစ်သစ်မှာ လူသစ်၊ စိတ်သစ်နဲ့ ကျန်းမာချမ်းသာပြီး လန်းဖြာကြပါစေ။ ရုပ်ရှင်ချစ်ပရိသတ် များနဲ့ ရုပ်ရှင်လောကသား မောင်နှမများ အားလုံးလည်း နှစ်သစ်မင်္ဂလာ အချိန် အခါကစပြီး နှလုံးစိတ်ဝမ်းအေးချမ်းမှုနှင့် အတူ ချမ်းသာကိုယ်စိတ် မြဲပါစေ။ အထူး သဖြင့် ကျန်းမာကြပါစေလို့ ဆုမွန်ကောင်း ပို့သပါတယ်။


ဒေါ်နွဲ့နွဲ့စမ်း(ရုပ်ရှင်သရုပ်ဆောင်)


ကမ္ဘာသူကမ္ဘာသားများနဲ့ မြန်မာ ပြည်သူပြည်သားအပေါင်း ကိုယ်စီကိုယ်ငှ လိုအင်ဆန္ဒများ ပြည့်ဝကြပါစေ။ မြန်မာပြည်ကြီး အေးချမ်းသာယာ ကြီးပွားတိုးတက်ပါစေကြောင်း နေစဉ် ဆုတောင်းမေတ္တာ ပို့သနေပါတယ်။ ရုပ်ရှင်ချစ်ပြည်သူများနဲ့ ရုပ်ရှင်၊ ဂီတ၊ သဘင်လောကသားများအားလုံး ၂၀၂၃- ခုနှစ်ရဲ့ နှစ်သစ်မင်္ဂလာအချိန်အခါကစပြီး ကျန်းမာချမ်းသာ အသက်ရှည်လျက် စီးပွားလာဘ်လာဘများ တိုးတက်ပြီး တော့ ဘေးဘယာ ဝေးကွာကြပါစေလို့ ဆုမွန်ကောင်းပို့သပါတယ်။


ဦးရန်အောင်(ရုပ်ရှင်သရုပ်ဆောင်)


၂၀၂၃-ခုနှစ် မင်္ဂလာနှစ်သစ်မှာ မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး စိတ်သစ်၊ လူသစ်နဲ့ နှစ်သစ်ကို ပျော်ပျော် ရွှင်ရွှင်ကျန်းကျန်းမာမာချမ်းချမ်းသာသာနဲ့ ကြိုဆိုဖြတ်သန်းနိုင်ပါစေ။ ၂၀၂၃ ခုနှစ်မှာ လိုအင်ဆန္ဒများ ပြည့်ဝပြီး လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး အစစအရာရာ အောင်မြင်တိုးတက်ပြီး ရောဂါများနဲ့ ကပ်ရောဂါများလည်း ကင်းဝေးကြပါစေ။ ကျွန်တော်တို့ ရုပ်ရှင်လောကသားများ လည်း အစစအရာရာ အဆင်ပြေကြပါစေ။ ကျွန်တော်တို့ကို ချစ်တဲ့၊ အစဉ်အားပေးနေတဲ့ ပရိသတ်များအားလုံး ကျန်းမာချမ်းသာပြီး ဆင်းရဲခြင်းကင်းပါစေ၊ အလုပ်အကိုင် များအားလုံး အောင်မြင်တိုးတက်ကြီးပွား ကြပါစေ။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)