စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် တစ်ကျပ်သားရွှေဒင်္ဂါးနှင့် ငါးမူးသားရွှေဒင်္ဂါးများအား အသစ်သွန်းလောင်းထုတ်ဝေမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် တစ်ကျပ်သားရွှေဒင်္ဂါးနှင့် ငါးမူးသားရွှေဒင်္ဂါးများအား အသစ်သွန်းလောင်းထုတ်ဝေမည်




MNP -   ဇန်နဝါရီ ၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သော (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် တစ်ကျပ်သားရွှေဒင်္ဂါးနှင့် ငါးမူးသားရွှေဒင်္ဂါးများအား အသစ်သွန်းလောင်းထုတ်ဝေမည်ဖြစ်သည်။ အသစ်သွန်းလောင်းသည့် တစ်ကျပ်သားရွှေဒင်္ဂါး၏ အချက်အလက်များမှာ အချင်း ၂၆ ဒသမ ၀ မီလီမီတာ၊ အထူမှာ ၂ ဒသမ ၀ မီလီမီတာရှိ၍ ဒင်္ဂါး၏ရှေ့မျက်နှာပြင်အလယ်ဗဟိုတွင် ဆင်ဖြူတော်ပုံပါရှိပြီး ပုံ၏ယာဘက်တွင် “၇၅ နှစ်မြောက်” ဟု ဖော်ပြပါရှိပါသည်။


ဆင်ဖြူတော်၏အောက်ခြေတွင် “၁ ကျပ်သား ၂၀၂၃” ဟု လည်းကောင်း၊ ရွှေဒင်္ဂါး၏အနားပတ်လည်တွင် “မြန်မာနိုင်ငံတော်ဗဟိုဘဏ်” “၇၅နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့” ဟုလည်းကောင်း ဖော်ပြထားပါသည်။ ရွှေဒင်္ဂါး၏ ကျောဘက်မျက်နှာပြင်တွင်လည်း ဆင်ဖြူတော်ပုံပါရှိပြီး အင်္ဂလိပ်ဘာသာဖြင့် ယာဘက်တွင် “ 75” ၊ ပုံ၏အောက်ဘက်တွင် “16.329 gm. 2023” ဟု လည်းကောင်း၊ ရွှေဒင်္ဂါးပြားအနားပတ်လည်တွင် “Central Bank of Myanmar” “75 Diamond Jubilee Independence Day” ဟုလည်းကောင်း ဖော်ပြထားသည်။


အသစ်သွန်းလောင်းသည့် ငါးမူးသားရွှေဒင်္ဂါး၏ အချက်အလက်များမှာ အချင်း ၂၂ ဒသမ ၀ မီလီမီတာ၊ အထူမှာ ၁ ဒသမ ၅ မီလီမီတာရှိ၍ ဒင်္ဂါး၏ ရှေ့မျက်နှာပြင်အလယ်ဗဟိုတွင် ဆင်ဖြူတော်ပုံပါရှိပြီး ပုံ၏ယာဘက်တွင် “၇၅ နှစ်မြောက်” ဟု ဖော်ပြပါရှိသည်။ ဆင်ဖြူတော် ၏အောက်ခြေတွင် “၅ မူးသား ၂၀၂၃” ဟု လည်းကောင်း၊ ရွှေဒင်္ဂါး၏ အနားပတ်လည်တွင် “မြန်မာနိုင်ငံတော်ဗဟိုဘဏ်” “၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့” ဟု လည်းကောင်းဖော်ပြထားသည်။ ရွှေဒင်္ဂါး၏ ကျောဘက်မျက်နှာပြင်တွင်လည်း ဆင်ဖြူတော်ပုံပါရှိပြီး အင်္ဂလိပ်ဘာသာဖြင့် ယာဘက်တွင် “75th” ၊ ပုံ၏ အောက်ဘက်တွင် “8.164gm.2023” ဟုလည်းကောင်း၊ ရွှေဒင်္ဂါးပြားအနားပတ်လည်တွင် “Central Bank of Myanmar” “75th Diamond Jubilee Independence Day” ဟုလည်းကောင်း ဖော်ပြထားသည်။ တစ်ကျပ်သားနှင့် ငါးမူးသားရွှေဒင်္ဂါးများ ဝယ်ယူသည့်အခါ ရွှေဒင်္ဂါးပြားနှင့်အတူ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် သွန်းလောင်းသည့် ဌာနအကြီးအကဲတို့၏ မှန်ကန်ကြောင်းထောက်ခံချက်များ တစ်ပေါင်းတည်းပါရှိမည်ဖြစ်သည်။


တစ်ကျပ်သားနှင့် ငါးမူးသားရွှေဒင်္ဂါးများကို မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်း၏အရောင်းဆိုင်များ(နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး)တွင် ဇန်နဝါရီလ ၅ ရက်နေ့မှစ၍ ဝယ်ယူရရှိနိုင်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)