MNP ၊ ဇန်နဝါရီ ၂၀
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်း အခြေပြု အသက် ၅ နှစ်မှ ၁၂ နှစ်အထိ၊ ကျောင်းသား၊ ကျောင်းသူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Myancopharm)ထိုးနှံပေးခြင်းကို ဇန်နဝါရီလ ၁၀ ရက် နေ့မှ စတင်ထိုးနှံပေးလျက်ရှိရာ ယနေ့အထိ ကာကွယ်ဆေးထိုးနှံသူ ၉၄၁၄ ဦး၊ ရှိကြောင်း ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှသိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ
ဦးမောင်စံဝင်းနှင့် အဖွဲ့ဝင်များ ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အောင်စစ်ထွန်း ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းစသည့် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက် ပေးပြီး၊ ပုံမှန်အခြေအနေရှိသူများကိုသာ ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Myancopharm)အား ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ပုဏ္ဏားကျွန်းမြို့နယ်တွင် ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး(Booster)ထိုးနှံမည့် ကျောင်းသား၊ ကျောင်းသူ (၁၄၃၃၂)ဦးရှိရာ ယမန်နေ့က အခြေခံ ပညာကျောင်း(၁၆)ကျောင်း တွင်
ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး (Myancopharm)ထိုးနှံသူ(၈၅၁)ဦးရှိပြီး၊ ယနေ့ အထိ ထပ်ဆောင်း(Booster)ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီးသူ (၉၄၁၄)ဦး၊ ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှသိရသည်။
နီထွန်းအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment