မြောက်ဦးမြို့ ၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသက် (၂၀) အောက် ဖူဆယ်ဘောလုံးပြိုင် နှင့် ဆုပေးပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့ ၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသက် (၂၀) အောက် ဖူဆယ်ဘောလုံးပြိုင် နှင့် ဆုပေးပွဲအခမ်းအနားကျင်းပ






MNP  -  ဇန်နဝါရီ  ၅

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အသက် (၂၀) အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ နှင့် အားစကားပြိုင်ပွဲများဆုပေးပွဲအခမ်းအနားကို ကုသည်တန်းရပ်ကွက် နန်းတော်ရာကုန်းဘေး ဘောလုံးကွင်းဟောင်း ၌ ယမန်နေ့က ကျင်းပပြု  လုပ်ခဲ့ကြောင်း  သိရသည်။


ထို့နောက် အသက်(၂၀) အောက် ဖူဆယ်ဘောလုံး ဗိုလ်လုပြိုင်ပွဲ နှင့် လွန်ဆွဲပြိုင်ပွဲ ၊ မီတာ(၁၀၀)ပြိုင်ပွဲ ၊ မီတာ (၂၀၀) ပြိုင်ပွဲ၊ ခြေပူးပြိုင်ပွဲ ၊ ဆန်ကောရွတ်ပြိုင်ပွဲ ၊ များကို ကျောင်းသူ/ကျောင်းသားများက ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြပြီး အနိုင်ရရှိသော  ဖူဆယ်ဘောလုံး ပြိုင်ပွဲတွင် ပထမဆုရရှိသော ကျော်သန်းမောင်အသင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစီုးစိုးသက် မှ လည်းကောင်း ဒုတိယဆုရရှိသော ဗန္ဓုလအသင်းကို မြို့နယ်အားကာဦးစီးမှူး ဦးမောင်မောင်လတ် မှ လည်းကောင်း လွန်ဆွဲပြိုင်ပွဲ ၊ မီတာ(၁၀၀)ပြိုင်ပွဲ ၊ မီတာ (၂၀၀) ပြိုင်ပွဲ၊ ခြေပူးပြိုင်ပွဲ ၊ ဆန်ကောရွတ်ပြိုင်ပွဲ တွင် ဆုရရှိသော ကျောင်းသား ကျောင်းသား/ကျောင်းသူများကို ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ်ခဲ့ကြသည်။


အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဌ နှင့်အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာ များ ၊ ပြိုင်ပွဲဝင်အားစကားအသင်း နှင့် ကျောင်းသား/ကျောင်းသူများ  တက်ရောက် ခဲ့ကြောင်း သိရသည်။


မြင့်စိုး ၊ စိုးငြိမ်းနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)