MNP - ဇန်နဝါရီ ၁၅
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့ အခြေခံပညာအထက်တန်းကျောင်း၊ ရွှေလီကျောင်းခန်းမ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ဇန်နဝါရီ (၁၃)ရက်နေ့ နံနက် ၈ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူလေးများမှ “မြန်မာ့ကျောင်း” သီချင်းဖြင့်အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့၍ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တာသိန်းဇော်က အဖွင့်အမှာစကားပြောကြားပေးပြီး မြို့နယ်ပညာရေးမှူး ဦးလှဌေးက အမှာစကားပြောကြားခြင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချောချောက ကျောင်းစုံညီပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကိုလည်းကောင်း၊ ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးမိုင်းထွန်းအေးက ကျောင်းလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း အသီးသီးအမှာစကား ပြောကြားခဲ့ကြပြီး စုံညီပွဲတော်တို့တက်ရောက်လာသော ပညာရေးဌာနမှ ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာများ၊ ရပ်မိ၊ ရပ်ဖများ၊ ကျောင်းသားမိဘများမှ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ပေးကြသော ကျောင်းသား၊ ကျောင်းသူများ အားဂုဏ်ပြုဆုများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အတန်းအလိုက် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများမှ အကအလှများဖြင့် ဖျော်ဖြေတင်ဆက် ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment