သနပ်ပင်မြို့နယ်တွင် လူဦးရေစာရင်း မှန်ကန်ရေး မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူခြင်း လုပ်ငန်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သနပ်ပင်မြို့နယ်တွင် လူဦးရေစာရင်း မှန်ကန်ရေး မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်




MNP  -   ဇန်နဝါရီ  ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ လူဦးရေစာရင်း မှန်ကန်ရေး မြို့နယ်အဆင့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းကို ဇန်နဝါရီလ(၉)ရက်နေ့မှ စတင်၍ ကောက်ယူလျက်ရှိရာ မြို့ပေါ်ရပ်ကွက် (၆) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၆၀) အုပ်စုတို့၌ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးအဖွဲ့ (၆၂) ဖွဲ့က လူဦးရေစာရင်း မှန်ကန်ရေး ဆောင်ရွက်လျက်ရှိသည်။


သနပ်ပင်မြို့နယ်အနေဖြင့် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရာတွင် မြို့နယ်ဦးစီးကော်မတီ၊ မြို့နယ်ကြီးကြပ်မှုကော်မတီ၊ ရပ်ကွက်/ကျေးရွာ အုပ်စုကြီးကြပ်မှုကော်မတီမှ ဦးဆောင်၍ ရပ်ကွက်/ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများက မြေပြင်ရှိနှင့် အိမ်ထောင်စုလူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအတွင်းရှိ အိမ်ထောင်စုလူဦးရေ တစ်ခုချင်းစီအား မှန်ကန်သော စာရင်းရရှိရေး မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး လုပ်ငန်းအား ဇန်နဝါရီ ၃၁ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


လှမိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)