တောင်ချောင်းကျေးရွာ မီးလင်းရေးဆောင်ရွက်ထားရှိမှုများအား တာဝန်ရှိသူများ စစ်ဆေးကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ချောင်းကျေးရွာ မီးလင်းရေးဆောင်ရွက်ထားရှိမှုများအား တာဝန်ရှိသူများ စစ်ဆေးကြည့်ရှု




MNP -  ဇန်နဝါရီ ၅

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ ကျွန်းနက်ကုန်းကျေးရွာအုပ်စု တောင်ချောင်းကျေးရွာ မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုများအား ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။


ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းဌေးက ကျေးရွာမီးလင်းရေးကော်မတီဝင်များအား တွေ့ဆုံအမှာစကားပြောကြားရာတွင် ‌ယခုရရှိသော လျှပ်စစ်မီးဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ဦးစားပေးဆောင်ရွက်သွားကြစေလိုကြောင်း စနစ်တကျမီးသုံးစွဲသွားနိုင်ရေးနှင့် စာရင်းဇယားများ ပွင့်လင်းမြင်သာစွာ ရေးဆွဲမှတ်တမ်းတက်ထားကြစေလိုကြောင်း သို့မှသာ ကျေရွာသူ ကျေးရွာသားများ၏ အားကိုးရသော မီးလင်းရေးအဖွဲ့အစည်းဖြစ်မည်ဖြစ်ကြောင်း ပြောကြားပြီး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဦးတင့်ဇော်က လျှပ်စစ်မီးသုံးစွဲပုံသုံးစွဲနည်းများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေး လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်ပြောကြားခဲ့သည်။


တောင်ချောင်းကျေးရွာ မီးလင်းရေးလုပ်ငန်းသည် NEP စီမံကိန်းဖြင့် ၂၀၂၂ ခုနှစ် ဇွန်လ ၁ ရက်နေ့က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာလ ၁ ရက်‌နေ့တွင် စတင်၍ အိမ်‌ခြေ ၄၉ မီးသုံးစွဲခွင့် ရရှိခဲ့ကြောင်း ကျေးရွာလူထုမှ မီးလင်းရေးအတွက် ငွေကျပ် ၁၀၈ သိန်းထည့်ဝင် အသုံးပြုခဲ့ကြောင်း သိရသည်။


ဇေယျာထွန်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)