MNP - ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြိုရှိ တိုက်နယ်ကျန်းမာရေးငှာနမှ ဈေးရပ်ကွက်အတွင်း နေထိုင်ကြသောပြည်သူများအား ငှက်ဖျားသွေးဖောက်စစ်ဆေးခြင်းနှင့် ဆေးစိမ်ခြင်ထောင်ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်ခန့်က ဈေးရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ တိုက်နယ်ကျန်းမာရေးဌာနမှ ဆရာမ ဒေါ်နန်းခင်မျိုးဦးနှင့်အဖွဲ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ငှက်ဖျားသွေးဖောက်စစ်ဆေးခြင်းနှင့် ဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေပေးရခြင်းမှာ ဈေးရပ်ကွက်တွင်နေထိုင်သူ အသက်(၂၇)နစ်ရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးထံတွင် ငှက်ဖျားရောဂါပိုးတွေ့ရှိပါသဖြင့် ငှက်ဖျားရောဂါမဖြစ်ပွားစေရန်အတွက် သွေးဖောက်စစ်ဆေးခြင်းနှင့် ဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေပေးခြင်းများရခြင်းဖြစ် တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။
ထို့နောက် ဈေးရပ်ကွက်အတွင်းရှိ အိမ်ထောင်စု(၃၀)ရှိ လူဦးရေ(၁၅၁) ဦးအား ငှက်ဖျားရောဂါ ပိုးရှိမရှိ သွေးဖောက်စစ်ဆေးပေးပြီး ဆေးစိမ်ခြင်ထောင်အလုံး(၁၀၀)ကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြင့်သွယ်
https://t.me/MyanmarNationalPost
No comments:
Post a Comment