ရန်ကင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများ အောင်ချက်မြင့်မားရေးဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများ အောင်ချက်မြင့်မားရေးဆွေးနွေး


MNP  -  ဇန်နဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် Grade-5နှင့် Grade-9 စာမေးပွဲဖြေဆိုရာတွင် သက်ဆိုင်ရာဘာသာရပ်အလိုက် သင်ကြားပေးနေသော ကျောင်းအုပ်ကြီးများ၊ ဆရာ/ မများအနေဖြင့် ဖြေဆိုမည့်မေးခွန်းပုံစံများကို သိရှိနားလည်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ ဆွေးနွေးပွဲတွင် ရန်ကင်းမြို့နယ် ပညာရေးမှူး ဒေါ်ဝင်းရည်မွန်က ရန်ကင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် အောင်ချက်မြင့်မားစေရေးနှင့် ဖြေဆိုရာတွင် အဆင်ပြေမှုရှိစေရေး ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာကြသော ကျောင်းအုပ်ကြီးနှင့် ဆရာ/ မများမှ သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြရာ မြို့နယ်ပညာရေးမှူးမှ ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။


ထို့နောက် အခမ်းအနားသို့ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမ (၆၂)ဦး တက်ရောက်ကာ Grade-5နှင့် Grade-9 စာမေးပွဲအတွက် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။


အိရွှေစင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)