အမ်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံ ပြည်သူများ တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံ ပြည်သူများ တွေ့ဆုံ






MNP  -   ဇန်နဝါရီ  ၂

  ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ဒေသဖွံ့ဖြိုးရေးလုပ် ငန်းများ ဆောင်ရွက်ပေးနိုင်ရန်အတွက် စစ်ကြောင်းကြီး ငါးကြောင်းအသွင်ဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ဒေသ ခံပြည်သူများတွေ့ ဆုံပွဲကို မြန်မာဘုတ်ချောင်းကျေးရွာအုပ်စု ၊မြန်မာဘုတ်ချောင်း ကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဇန်နဝါရီ ၁ ရက် နေ့လည်အချိန်တွင်ကျင်းပခဲ့သည်။


  အဆိုပါတွေ့ဆုံပွဲတွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ဇော်ထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးမင်းထက် နှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာ ဝန်ရှိသူများက တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေး၊ မှုခင်းလျော့နည်းကျဆင်းရေး၊ ယာဥ်စည်း ကမ်း လမ်းစည်းကမ်းကိစ္စရပ်များ၊ ပညာ ရေး၊ ကျန်းမာရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကိစ္စရပ်များအားရှင်း လင်းဆွေးနွေးပြောကြားခဲ့သည်။


       ထို့နောက် တက်ရောက်လာကြသူများက ကျေးလက်လမ်း များကောင်းမွန်စေရေး၊ ကျေးလက်ရေရရှိရေးလုပ်ငန်များ၊ကျန်းမာရေး ဝန်ထမ်း လိုအပ်ချက်များ၊ ကျောင်းဆောင်သစ်ရရှိရေးနှင့် ကျေးရွာစာကြည့်တိုက်များဖွင့်လှစ်နိုင်ရေးကိစ္စရပ်များအား ဆွေးနွေးမေးမြန်းခဲ့ကြရာ သက်ဆိုင်ရာဌာန တာဝန်ရှိသူများက  ပြန်လည်ရှင်းလင်းဆွေးနွေးဖြေကြားခဲ့ ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌကလိုအပ်ချက်များအားပေါင်းစပ်ရှင်း လင်းဖြေကြားကာ ကျေး ရွာ၌ ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စု ၁၀ စုအတွက် အိမ်ထောင် စုတစ်လျှင် ပစ္စည်း ၁၀မျိုးပါပုံးတစ်လုံးနှင့်ဒါန်အိုး၊စတီးပုဂံပြား၊ ရေခွက်၊ဇွန်း စသည့် ထောက်ပံ့ပစွည်းများအားပေးအပ်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။


    ဆက်လက်၍ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် ခရိုင်/မြို့ နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ ရပ်မိရပ်ဖများအဖွဲ့သည် မြန်မာဘုတ်ချောင်းကျေးရွာကျေးလက် ကျန်းမာ ရေးဌာနခွဲ ဆောက် လုပ်ထားမှု၊ ကျေးရွာ ကမ်းပါးပြိုနေမှုနှင့် ရွာတွင်းလမ်းများအားလှည့်လည်ကြည့်ရှုကာလိုအပ်ချက်များအား ပေါင်းစပ်ညှိနိုင်းဆောင်ရွက်ပေးနိုင်ရေးပြောကြားခဲ့ကြောင်းသိရသည်။


စိုးမင်းထွန်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)