၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း ရွာသွန်းခဲ့သောမိုးရေများတွင် အက်စစ်ဖြစ်ထွန်းမှုအခြေအနေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း ရွာသွန်းခဲ့သောမိုးရေများတွင် အက်စစ်ဖြစ်ထွန်းမှုအခြေအနေ



MNP  -  ဇန်နဝါရီ   ၃

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသည် အရှေ့အာရှအက်စစ်ဖြစ်ထွန်းမှု စောင့်ကြည့်တိုင်းတာရေးကွန်ရက် (Acid Deposition Monitoring Network in East Asia- EANET)အဖွဲ့ အစည်းတွင်အဖွဲ့ဝင်အဖြစ်၂၀၀၅ခုနှစ် နိုဝင်ဘာလမှစတင်ဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ မြို့ကြီး ၄၁ မြို့ရှိမိုးလေဝသနှင့် ဇလဗေဒစခန်း ၄၁ ခု (ပုံ-၁)တွင်ရွာသွန်းသောမိုးရေများကိုစုဆောင်းကာ မိုးရေတွင် အက်စစ်ဖြစ်ထွန်းမှုအခြေအနေကိုသိရှိရန် မိုးရေ၏ pH တန်ဖိုးများ တိုင်းတာခြင်းလုပ်ငန်းများကို လစဉ်ဆောင်ရွက်လျက်ရှိပါသည်။


မိုးရေများ၏ pH တန်ဖိုးများကို တိုင်းတာသည့်စခန်း ၄၁ ခုအနက် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း မြစ်ကြီးနား၊ ပူတာအို၊ ဗန်းမော်၊ ကျိုင်းတုံ၊ ကသာ၊ ရန်ကုန်(ကမ္ဘာအေး)၊ လွိုင်ကော်၊စစ်တွေ၊ သံတွဲ၊ ပြည်၊ ပဲခူး၊ ပုသိမ်၊ မအူပင်၊ မော်လမြိုင်၊ ရေး၊ ဘားအံ၊ ကော့ကရိတ်၊ မြိတ်နှင့် ကော့သောင်းစခန်းတို့တွင် မိုးရွာသွန်းခဲ့ပါသည်။ မိုးရေနမူနာရရှိခဲ့သည့် အထက်ဖော်ပြပါ စခန်း ၁၉ စခန်းအနက် ၁၅ စခန်းတို့တွင် ရွာသွန်းခဲ့သော မိုးရေများ၏ pH တန်ဖိုးများသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ စံသတ်မှတ်ထားသည့် သောက်သုံးရေအတွက် pH တန်ဖိုးနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ စံသတ်မှတ်ထားသည့်သောက်သုံးရေအတွက် pH တန်ဖိုး (6.5 – 8.5) အတွင်း တွင်ရှိပြီးဗန်းမော်၊ ကော့ကရိတ်၊ မြိတ်နှင့် ကော့သောင်းစခန်းများတွင်ရွာသွန်းခဲ့သော မိုးရေ၏ pH တန်ဖိုးများသည် ပုံမှန်မိုးရေ (Normal Rain) ဟု သတ်မှတ်ထားသည့် pH တန်ဖိုး(5.6 – 6.4) အတွင်းတွင်ရှိကြောင်း တိုင်းတာရရှိခဲ့ပါသည်။ မိုးရေ၏ pH တန်ဖိုးသည် 5.6 အောက်ရောက်ရှိမှသာ အက်စစ်ဂုဏ်သတ္တိရှိသောကြောင့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း မိုးရေနမူနာတိုင်းတာရရှိခဲ့သည့် စခန်း(၁၉)ခု၌ရွာသွန်းခဲ့သော မိုးရေများတွင် အက်စစ်ဖြစ်ထွန်းမှုအခြေအနေမရှိကြောင်း သုံးသပ်ရပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)