MNP - ဇန်နဝါရီ ၁၅
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်းတိကျ မှန်ကန်စွာကောက်ယူနိုင်ရေးအတွက် မြေပြင်တစ်အိမ်တစ်ဆင်း ကွင်းဆင်းစာရင်းကောက်ယူခြင်းအဖွဲ့ ၇၆ ဖွဲ့ ဖွဲ့ကာ ယနေ့နံနက်တွင် ဆက်လက်စာရင်း ကောက်ယူလျက်ရှိကြောင်းသိရသည်။
ထိုသို့ မြေပြင်တစ်အိမ်တစ်ဆင်း ကွင်းဆင်းစာရင်းကောက်ယူနေမှုအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေအေ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်းနှင့်တာ ဝန်ရှိသူများက မြို့ပေါ် ရပ်ကွက်များအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များအားပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အမ်းမြို့နယ်အတွင်းရှိ စာရင်းကောက်ရပ်ကွက် ၇ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂၉ အုပ်စုရှိပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၉ ရက်မှ ၃၁ ရက်နေ့အထိ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment