ကျိန္တလီမြို့၌ နံရံကပ်စာစောင်ပြပွဲဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိန္တလီမြို့၌ နံရံကပ်စာစောင်ပြပွဲဆောင်ရွက်



MNP  -   ဇန်နဝါရီ  ၂၇                           

    ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများကိုသိရှိစေရန် အလုပ်ခေါ်ကြော်ငြာစာများကို နံရံကပ်ပြဘုတ်တွင် ယနေ့ညနေ ၃ နာရီ အချိန်က ကျိန္တလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ပြသခဲ့သည်။


    အဆိုပါနံရံကပ်စာစောင်တွင် ဘွဲ့ရရှိပြီး လုပ်ငန်းခွင်သို့ဝင်ရောက်ရန် စောင့်နေသူများနှင့် တက္ကသိုလ်ဝန်တန်းအောင်မြင်ပြီး လုပ်ငန်းခွင်ဝင်ရောက်လိုသူများကို အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်ရည်ရွယ်၍ ကြော်ငြာစာများကို တစ်လလျှင် (၂) ကြိမ် ကြောငြာစာများ ပြသသွားမည် ဖြစ်ကြောင်း မြို့ဦးစီးမှူးဒေါ်သန်းသန်းလေးက ရှင်းလင်းပြောကြားခဲ့ရာ ပြည်သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)