ရွှေစာရံဘုရားကြီး၏ (၇၅)နှစ်မြောက် စိန်ရတု ဗုဒ္ဓပူစနိယပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေစာရံဘုရားကြီး၏ (၇၅)နှစ်မြောက် စိန်ရတု ဗုဒ္ဓပူစနိယပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ပြုလုပ်



MNP  -   ဇန်နဝါရီ  ၁၃

ပုသိမ်ကြီးမြို့နယ် ရွှေစာရံကျေးရွာ ရွှေစာရံဘုရားကြီး၏ (၇၅)နှစ်မြောက် စိန်ရတု ဗုဒ္ဓပူစနိယပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။


အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်ဦးက ရွှေစာရံဘုရားကြီး၏ (၇၅)နှစ်မြောက် စိန်ရတု ဗုဒ္ဓပူစနိယပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ပွဲတော်ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိမှုများကို ကော်မတီအလိုက် ကြိုတင်ပြင်ဆင်မှုများကို စတင်ဆောင်ရွက်စေလိုကြောင်း၊ အောင်မြင် စည်ကားစွာ ကျင်းပနိုင်ရေးအတွက် ကျေးရွာမှ ဖွဲ့စည်းထားရှိသည့် ဂေါပကဦးဆောင်သည့် အဖွဲ့များမှ ပူးပေါင်းပါ၀င်ပေးစေလိုကြောင်း အစရှိသဖြင့် ပြောကြားခဲ့ပြီးနောက် ရွှေစာရံ ဘုရားဂေါပကဥက္ကဋ္ဌ ဦးအောင်မင်းက ပူးပေါင်းဆောင်ရွက်ခွင့်ရရှိမှုအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ယခင်နှစ်များတွင် ပွဲတော်ကျင်းပမှု ပုံစံအစီအစဉ်များ၊ ယခုနှစ်အတွက် စီစဉ်ဆောင်ရွက်မည့် လုပ်ငန်းစဥ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသူများမှ ကဏ္ဍအလိုက် လိုအပ်ချက်များ ပြင်ဆင်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှုးမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့် ဘုရားပွဲတော်ကျင်းပရေး ဂေါပကအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)