ဖားဆောင်းမြို့နယ် (အလက) နန်းကစ်ကျောင်းနှင့် (မူလွန်) ပါပုကျောင်း ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖားဆောင်းမြို့နယ် (အလက) နန်းကစ်ကျောင်းနှင့် (မူလွန်) ပါပုကျောင်း ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ



MNP  -    ဇန်နဝါရီ      ၁၄

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ် (အလက) နန်းကစ်ကျောင်းနှင့် မူလွန်ပါပုကျောင်း ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက်(၉)နာရီက (မူလွန်)ပါပုကျောင်းရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူများက ကြိုဆိုပါသည်စုံညီပွဲတော် သီချင်းသီဆို၍ ဖွင့်လှစ်ပြီး အခြေခံပညာမူလွန်ကျောင်းမှကျောင်းအုပ်ဆရာကြီး ဦးဇော်မင်းဦးမှ ကျောင်း၏ ပညာရေးဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကိုလည်းကောင်း၊ အခြေခံပညာအလယ်တန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ဥမ္မာခိုင်က ပညာရေးစုံညီပွဲတော် ကျင်းပရခြင်း ပတ်သက်၍ လည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် ကျောင်းအကျိုးတော်ဆောင် ဦးစောရေးလာက စုံညီပွဲတော် ကျင်းပပြုလုပ်ခြင်းနှင့် စပ်လျဉ်း၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။


ဆက်လက်၍ ၂၀၂၁-၂၀၂၂ ခုနှစ်ပညာသင်နှစ်တွင် (A)အဆင့်ဖြင့် ထုးချွန်စွာအောင်မြင်သည့် (အလက) နန်းကစ်ကျောင်းနှင့်(မူလွန်)ပါပုကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးနှင့် တာဝန်ရှိသူ အသီးသီးတို့က ဆုများကိုပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက တိုင်းရင်းသားရိုးရာ အကအလှပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။


အဆိုပါအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦး၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးစိန်ထွေး၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို ကျောင်းသား၊ကျောင်းသူများက စုံညီပွဲတော်တို့နွှဲပျော်သီချင်းဖြင့် ပိတ်သိမ်းခဲ့ကြောင်း သိရသည်။


နန်းသဲနုအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)