နတ်မောက်မြို့နယ်တွင် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊ စာစောင်များ သွားရောက်ငှားရမ်းပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ်တွင် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊ စာစောင်များ သွားရောက်ငှားရမ်းပေး


MNP  -   ဇန်နဝါရီ ၁၃

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၉ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့မကွက်သစ်ရပ်ကွက်သို့   မြို့နယ် ပြန်/ဆက်ဝန်ထမ်းများက သွားရောက်ငှားရမ်းပေးခဲ့​သည်။


“စာအုပ်၊စာစောင်များ ငှားရမ်းပေးခြင်းဖြင့်စာဖတ်သည့် အလေ့ကျင့်ကောင်းများ ပိုမိုကောင်းမွန်လာစေရန်၊ စာဖတ်ရှိန်ပိုမိုမြင့်မားလာစေရန်၊ စာအုပ်စာစောင်များနှင့် ရင်းနှီးကျွမ်းဝင်လာသည့်အပြင် စာပေများမှ အသိပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် အလုပ်တာဝန်များ မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သူများ အတွက်သွားရောက် ငှားရမ်းပေးခြင်းဖြစ်သည်”ဟု မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ ကပြောကြားသည်။


နတ်မောက်မြို့နယ်​ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်များသို့ နှစ်ပတ်လျင် (၁) ကြိမ် စာအုပ်၊ စာစောင်များလှဲလှယ်၍ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။


မူမူစန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)