MNP - ဇန်နဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်အတွင်းရှိ သမိုင်းဝင်စေတီပုထိုးများနှင့် ရပ်ကွက်၊ ကျေးရွာများတွင် တည်ထားကိုးကွယ်လျက်ရှိသော စေတီပုထိုးများအား ရေသပ္ပာယ်ခြင်း၊ ရောင်တော်ဖွင့်ခြင်းနှင့် သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြောင်းမြခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ ဦးဆောင်ကာ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြောင်းမြမြို့ရှိ စင်္ကြာသီဟ၊ စင်္ကြာနန္ဒစေတီတော်၊ ရွှေဗုဒ္ဓေါစေတီတော်နှင့် မြောင်းမြမြို့ပေါ်ရှိ ဘုရားစေတီများ၊ ဆင်းတုတော်များကို ရောင်တော်ဖွင့်ခြင်း၊ ရေသပ္ပာယ်ခြင်း၊ စေတီတော်ရင်ပြင်များအား တံမြက်လှည်းကုသိုလ်ယူခြင်း၊ ဘုရားပရဝုဏ်အတွင်းရှိ ချုံနွယ်များနှင့် ပေါင်းမြက်များ ရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထို့အတူမြို့နယ်အတွင်း ကျေးရွာ၊ ရပ်ကွက်အသီးသီးရှိ စေတီပုထိုးများအား ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ဒေသခံပြည်သူများက ရေသပ္ပါယ်ခြင်း၊ ရောင်တော်ဖွင့်ထုံးသင်္ကန်း ကပ်လှူခြင်းနှင့် စုပေါင်းသန့်ရှင်းရေးများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment