ငဖဲမြို့နယ် သာယာကုန်းကျေးရွာ (အ.ထ.က-ခွဲ) တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် နယ်လှည့်ကလေးစာဖတ်ဝိုင်း ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငဖဲမြို့နယ် သာယာကုန်းကျေးရွာ (အ.ထ.က-ခွဲ) တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် နယ်လှည့်ကလေးစာဖတ်ဝိုင်း ကွင်းဆင်းဆောင်ရွက်




MNP  -  ဇန်နဝါရီ ၁၄

မကွေးတိုင်းဒေသကြီးမင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများ ကျောင်းပြင်ပ အသိပညာဗဟုသုတ တိုးပွားစေရန်၊ စာဖတ်ရှိန် မြှင့်တင်ရန်နှင့် လူငယ်ရေးရာ အကြောင်းအရာများကို သိရှိစေရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် နယ်လှည့်နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့် ကလေးစာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက သာယာကုန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် ကျင်းပဆောင်ရွက်ခဲ့သည်။


ရှေးဦးစွာ ငဖဲမြို့နယ် သာယာကုန်းကျေးရွာအခြေခံ ပညာအထက်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာကြီး ဦးအောင်ကျော်မိုးက အမှာစကား ပြောကြားပြီး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ခံဒေါ်သင်းသင်းအေးက ကျောင်းသားကျောင်းသူများ ကျန်းမာကြံ့ခိုင်စေရန်အတွက် အားကစားနည်းများကို လေ့လာလိုက်စားကြရန်၊ လူငယ်နှင့် အားကစား၊ လူငယ်နှင့် ခေါင်းဆောင်မှုဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြတ်မြတ်မော်က နယ်လှည့် အသိပညာပေး လှုပ်ရှားဆောင်ရွက်မှု အခြေအနေများ၊ နေ့ထူးနေ့မြတ်များ၊ လူကုန်ကူးမှုအန္တရာယ်တားဆီး ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ၊စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုလည်းကောင်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုဝန်ထမ်း-၄ ဒေါ်နှင်းနွယ်အောင်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာများကို ကျောင်းသားကျောင်းသူ များအား အသိပညာပေး ပြောကြားကာ မြို့နယ်အား/ကာဦးစီးဌာနမှ ကျောင်းသား/ သူများအတွက် ပိုက်ကျော်ခြင်းတစ်စုံနှင့် ဘောလီဘောတစ်စုံတို့ကို ပေးအပ်ရာ ဆရာမတစ်ဦး က လက်ခံရယူခဲ့သည်။


ဟောပြောပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ကလေးကြိုက် ရုပ်ပြများ၊ ပုံပြင်စာအုပ်များ၊ တိုင်းရင်း သားရိုးရာပုံပြင်များ၊ တေဇရုပ်ပြစာအုပ်များဖြင့် ကလေး စာဖတ်ဝိုင်း ဆောင်ရွက်ကာပြသထားရှိသော လူကုန်ကူးမှုအန္တရာယ်တားဆီးကာ ကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်နှင့် သရုပ်ဖော်ရုပ်ပြများ၊  မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး နံရံကပ်စာစောင်များနှင့် မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေးမှတ်တမ်း ဓာတ်ပုံများကို ပြသဆောင်ရွက်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။


မယု

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)