ကျောက်ပန်းတောင်းမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးအပ်ချီးမြှင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ပန်းတောင်းမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးအပ်ချီးမြှင့်ပွဲ ကျင်းပ




MNP   - ဇန်နဝါရီ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆု ပေးအပ်ချီးမြှင့်ပွဲကို၊ ယနေ့ နံနက်(၉:၃၀) နာရီက အဆိုပါကျောင်းရှိ စကားဝါဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် Grade-8 ကျောင်းသား/ကျောင်းသူလေးများက ကြိုဆိုပါသည် စုံညီပွဲတော်သီချင်းဖြင့် သံပြိုင်သီဆိုဖျော်ဖြေ၍ အခမ်းအနား ဖွင့်လှစ်ပြီး၊ ညောင်ဦးခရိုင် ပညာရေးမှူးရုံးမှ ဦးရဲမြင့် (လက်ထောက်ညွှန်ကြားရေးမှူး)က ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ဆက်လက်၍ မြို့နယ် ပညာရေးမှူး ဒေါ်မော်မော်က အဖွင့်အမှာစကား ပြောကြားပြီး၊ အမှတ်(၁) အ.ထ.က ကျောင်းအကျိုးတော်ဆောင် ဦးဇော်ဝင်းမောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ယင်းနောက် လူရည်ချွန်ဆု၊ ဘာသာရပ်အလိုက် ထူးချွန်ဆု၊ အားကစားထူးချွန်ဆု၊ နေ့ကြီးရက်ကြီးများ အထိမ်းအမှတ်ပြုလုပ်သည့် ဆောင်းပါး၊ ကဗျာ၊ စာစီစာကုံး ဆုရရှိကြသူများနှင့် ထူးချွန်ဆရာ/ ဆရာမများကို ညောင်ဦးခရိုင် ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြပြီး၊ ကျောင်းသား/ကျောင်းသူလေးများက တေးသရုပ်ဖော်၊အက/အလှများဖြင့်ဧည့်ခံဖျော်ဖြေ၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။


အဆိုပါ စုံညီပွဲတော် အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမင်းနှင့် ဌာနဆိုင်ရာများ၊ ညောင်ဦးခရိုင် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးများဖြစ်သည့် ဦးရဲမြင့်နှင့် ဦးကျော်ထွန်းဦး၊ မြို့နယ်ပညာ ရေးမှူး ဒေါ်မော်မော်နှင့်လက်ထောက်ပညာရေးမှူးများ၊ မြို့ပေါ်ရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်းကျောင်းအုပ် ဆရာကြီး/ဆရာမကြီးများ၊ ဆုရကျောင်းသား/ကျောင်းသူများနှင့်မိဘများ၊ ဖျော်ဖြေရေးအဖွဲ့ဝင် ကျောင်းသား/ ကျောင်းသူများနှင့် မိဘများ၊ ဆရာ/ဆရာမများ စုစုပေါင်း အင်အား (၃၅၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။


နေအောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)