ရေနံချောင်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိစာအောင် သံဃာတော်များနှင့် သီလရှင်များအား ဂုဏ်ပြုပူဇော်ပွဲနှင့် စူဠဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေနံချောင်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိစာအောင် သံဃာတော်များနှင့် သီလရှင်များအား ဂုဏ်ပြုပူဇော်ပွဲနှင့် စူဠဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပ



MNP  -   ဇန်နဝါရီ ၁၅

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူးကျင်းပခဲ့သည့် ၂၀၂၂ ပညာသင်နှစ် စာမေးပွဲ အသီးသီးတွင် ဖြေဆိုအောင်မြင်တော်မူ ကြသည့် ရေနံချောင်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိစာအောင်သံဃာတော်များနှင့် သီလရှင်များအား ဂုဏ်ပြုပူဇော်ပွဲနှင့် စူဠဘွဲ့နှင်းသဘင်နှင့် မြို့နယ်အတွင်း သာသနာတော် ထွန်းကားပြန့်ပွားရေးအတွက် ၂၀၂၁ ခုနှစ် အဘိဓမ္မာစာမေးပွဲတွင် ဖြေဆိုအောင်မြင်ကြသူများအား အောင်လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ မြို့မမြောက်ရပ်ရှိ ရတနာမဥ္ဇူသုဓမ္မာ တန်ဆောင်းတော်ကြီး၌ ကျင်းပသည်။


ရှေးဦးစွာ ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိတ်သတ်များက နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော် ဩဝါဒစရိယဦးစိတ္တရထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ ရေစက်ချတရား နာယူကြည်ညိုကြသည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးက နာယကဆရာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ သာသနာရေးဆိုင်ရာများကို လျှောက်ထားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သာသနာရေးဦးစီးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်သံဃဝေယျာဝစ္စအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက ပရိယတ္တိစာအောင်သံဃာတော် (၂၉)ပါး၊ သီလရှင် (၆)ပါးနှင့် လူပုဂ္ဂိုလ် (၁)ဦးတို့အား အောင်ဆု၊ အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ပူဇော်ဆက်ကပ်ကာ အဘိဓမ္မာစာမေးပွဲ အောင်မြင်သူ (၄၄)ဦးတို့အား အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)