MNP - ဇန်နဝါရီ ၅
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ညနေက မြို့မ အားကစား ကွင်းအတွင်း၌ကျင်းပခဲ့သည်။
အားကစားပြိုင်ပွဲ ဗိုလ်လုပွဲများအဖြစ် ကျောင်းပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ဂျပန်ဂိုးကျဉ်းပြိုင်ပွဲ၊ အမျိုးသမီးထုပ်ဆီးတိုးပြိုင်ပွဲများကို ကျင်းပပြီးနောက် ဆုပေးပွဲအခမ်းအနားကိုကျင်းပရာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့်တာဝန် ရှိသူများက မီနီမာရသွန်ပြိုင်ပွဲ၊ ဂျပန်ဂိုးကျဉ်းပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲများတွင် ပထမဆု၊ ဒုတိယဆုနှင့်တတိယဆု ရရှိသူများကို ငွေသားဆုနှင့်လည်ဆွဲပြားများချီးမြှင့်ပေးကြသည်။
အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ များ ၊ အားကစားအသင်းများ တက်ရောက်ခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment