တန့်ဆည်မြို့ ဓမ္မာရုံကျောင်းတိုက်တွင် မြို့သူမြို့သား ညီညွတ်ချမ်းသားစေဖို့ ဆရာတော်ဦးဝါသဝ သြဝါဒမိန့်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တန့်ဆည်မြို့ ဓမ္မာရုံကျောင်းတိုက်တွင် မြို့သူမြို့သား ညီညွတ်ချမ်းသားစေဖို့ ဆရာတော်ဦးဝါသဝ သြဝါဒမိန့်ကြား





MNP ၊ ဒီဇင်ဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့၊ ဓမ္မာရုံကျောင်းတိုက်တွင် တန့်ဆည်မြို့သူ/သားများ ညီညွတ်ချမ်းသာစေဖို့ ဆရာတော်ဦးဝါသဝ ကြွရောက်၍ သြဝါဒမိန့်ကြားခဲ့ကြောင်း သိရသည်။


မြို့သူ/မြို့သားများနှင့် တွေ့ဆုံစဉ် ဆရာတော်ဦးဝါသဝ က "ဆရာတော်ကြွလာခြင်းက တန့်ဆည်မြို့သူ/မြို့သားတွေရဲ့ ကောင်းကျိုးအတွက် ဖြစ်ပါတယ်။ ကြွလာမယ့်အချိန်မှာ စိတ်မကောင်းစရာ ကြားသိရတာက မြို့သူ/မြို့သား၊ ရပ်ကွက်သူ/ ရပ်ကွက်သားတွေက တချို့ ထွက်သွားကြတယ်။ တချို့ ဖမ်းဆီးမှာဆိုပြီး ပြေးကြတယ်ဆိုတော့ ဆရာတော် စိတ်မကောင်းဘူး။ ဆရာတော် အားလုံးကို ပြောနေတာက ကိုယ့်မြို့၊ ကိုယ့်ရွာ အေးချမ်းဖို့က တစ်ဦးတစ်ယောက်တည်း လုပ်လို့ မရဘူး။ အနီရော အစိမ်းရော ကောင်းကောင်းနေကြ။ ဆရာတော် ဘယ်သူ့ကိုမှလည်း အနိုင်မကျင့်ဘူး။ PDF တွေကိုလည်း အများကြီး ကယ်ပေးခဲ့တာတွေ ရှိပါတယ်။ အလင်းဝင်လာတဲ့ ပုဂ္ဂိုလ်တွေလည်း အများကြီးပါပဲ။ ကိုယ့်မြို့၊ ကိုယ့်ရွာမှာ ညီညီညွတ်ညွတ် နေကြ၊ ညီညွတ်ရင် ချမ်းသာမယ်။ မညီညွတ်ရင် ဆင်းရဲလိမ့်မယ်။ အဲဒီတော့ တန့်ဆည်သူ/ တန့်ဆည်သားတွေ ကိုယ့်မြို့ကို အပျက်စီးခံမလား။ ကာကွယ်ကြမလား။" အစရှိသဖြင့် မိန့်ကြားခဲ့ကြောင်း သိရသည်။


ထိုသို့ တွေ့ဆုံ သြဝါဒမိန့်ကြားစဉ် ပြည်သူ့စစ်အဖွဲ့ဝင်များ၏ သစ္စာအဓိဋ္ဌာန် ကို ရှင်းပြပြီး အနီ အစိမ်းမခွဲခြားဘဲ အေးချမ်းစွာနေကြဖို့ တစ်ဦးနဲ့ တစ်ဦး ရန်လိုအမုန်းပွား လုပ်ကြံသတ်ဖြတ်မှုများ မပြုလုပ်ကြစေဖို့ မိန့်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ထိုသို့ ဆရာတော် တန့်ဆည်မြို့သို့ ကြွမည်ဆိုသည့် သတင်းကို ကြားသိပြီး PDF နှင့် ဆက်နွယ်သူ လူငယ်လူရွယ်များကို ထွက်ပြေးတိမ်းရှောင်ခိုင်းသည့် သတင်းများ ကြားသိရသည့်အတွက်ကြောင့် ဆရာတော်အနေဖြင့် စိတ်မကောင်းဖြစ်ရပြီး PDF အဖွဲ့ဝင်များကိုလည်း ကယ်တင်ပေးခဲ့ဖူးကြောင်း၊ လူသတ်မှုကဲ့သို့သော ကြီးမားသော ပြစ်မှု ကျူးလွန်ထားခြင်း မရှိသူများကို တာဝန်ရှိသူများထံ တင်ပြပြီး ဖြေလျော့ပေးရန်မေတ္တာရပ်ခံပေးခဲ့ဖူးကြောင်း ဆရာတော်က မိန့်ကြားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)