ဇမ္ဗူသီရိမြို့နယ်တွင် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇမ္ဗူသီရိမြို့နယ်တွင် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်


MNP  -  ဇန်နဝါရီ ၁၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများသို့ Working Group မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရွှေကြာပင်ရပ်ကွက်နှင့် ဇေယျသိဒ္ဓိရပ်ကွက်အတွင်း၌ ဆက်လက်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။


အဆိုပါ (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူနိုင်ရေးလုပ်ငန်းစဉ် တစ်ရပ်လုံးပြီးမြောက်အောင်မြင်စေရေးအတွက် ဇမ္ဗူသီရိမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးထင်လတ်နှင့်ဝန်ထမ်းများ၊ စာရင်းကောက်ယူရေးအဖွဲ့ များက လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များမှန်ကန်စေရေး၊ မြေပြင်လူဦးရေစာရင်းများ တိကျမှန်ကန်စေရေးနှင့် မသန်စွမ်း(၅)မျိုး စာရင်းအား တစ်အိမ်တက်ဆင်း စာရင်းကောက်ယူခဲ့ကြပြီး ကျန်ရှိနေသေးသည့် ရပ်ကွက်နှင့်ကျေးရွာများတွင်လည်း စာရင်းကောက်ယူရေး အဖွဲ့များက တစ်ပြိုင်တည်း ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဟိန်းသူအောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)