ဖြူးမြို့နယ် ရွှေကျင်တောင်ပရိယတ္တိစာသင်တိုက်တွင် ပဋိစ္စသမုပ္ပါဒ်အခြေပြုအစမ်းစာမေးပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖြူးမြို့နယ် ရွှေကျင်တောင်ပရိယတ္တိစာသင်တိုက်တွင် ပဋိစ္စသမုပ္ပါဒ်အခြေပြုအစမ်းစာမေးပွဲပြုလုပ်



MNP  -   ဇန်နဝါရီ   ၁၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ မြို့နယ်အဆင့်အနေဖြင့်ပြုလုပ်မည့် မြို့နယ်အတွင်း စာသင်တိုက်များရှိ သံဃာတော်များ၊ သီလရှင်များနှင့်အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ၏ ပဋိစ္စသမုပ္ပါဒ်စာမေးပွဲအတွက် ကြိုတင်အစမ်းစာမေးပွဲကို ယနေ့မွန်းတည့်(၁၂)နာရီအချိန်က ရွှေကျင်တောင်ပရိယတ္တိစာသင်တိုက်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။


ထိုသို့ဖြေဆိုရာတွင် ညောင်လေးပင်မြို့တောရကျောင်းတိုက် နာယကဆရာတော်ရေးသားတော်မူသည့် ပဋိစ္စသမုပ္ပါဒ်အခြေပြုနှင့်ဥပသကာလက်သုံး စာမေးပွဲအတွက်ပြဋ္ဌာန်းထားသည့် စာအုပ်မှကောက်နှုတ်၍ မေးခွန်းထုတ်ကာ ပထမအဆင့်အနေအဖြင့် ကျောင်းသား၊ ကျောင်းသူ(၄၅)ဦး၊ ရှင်သာမဏေနှင့် သီလရှင်(၇၃)ပါး၊ ဒုတိယအဆင့်အနေဖြင့် ရှင်သာမဏေ(၄၀)ပါး၊ တတိယအဆင့်အနေဖြင့် ရှင်သာမဏေ(၂၀)ပါး၊ စတုတ္တအဆင့်အနေဖြင့် သံဃာတော်(၁၂)ပါး ဖြေဆိုကြကြောင်းသိရသည်။


အဆိုပါဖြေဆိုသူ သံဃာတော်၊ သီလရှင်နှင့်လူပုဂ္ဂိုလ်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဖြေဆိုနိုင်မှုရမှတ်ယူကာ မြို့နယ်အဆင့်ထပ်မံဖြေဆိုရမည်ဖြစ်ကြောင်းနှင့် ဆက်လက်၍မြို့နယ်များအလိုက် ညောင်လေးပင်မြို့တောရကျောင်းတိုက်တွင် နောက်ဆုံးအဆင့်ထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။


နေမျိုးလွင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)