ပြင်ဦးလွင်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်း အနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်း အနားကျင်းပ




MNP  -  ဇန်နဝါရီ   ၅

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပွင့်လွှာကဖေးနှင့် အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပွင့်လွှာဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လု ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ရုံးဝင်းအတွင်းရှိ ပိုက်ကျော်ခြင်းကွင်း၌ ကျင်းပခဲ့သည်။


ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲသို့ ပြင်ဦးလွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင် ဒုတိယ ဗိုလ်မှူးကြီး မျိုးထက်ဝင်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့အဖွဲ့ဝင်များ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပရေးဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်း အားကစားသမားများ၊ ပိုက်ကျော်ခြင်း အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။


ပြိုင်ပွဲအပြီး ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော်က ကျေးဇူးတင်စကားပြောကြားပြီး၊ နှစ်သိမ့်ဆုရရှိသည့် သဇင်အသင်းအား ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က လည်းကောင်း၊ တတိယဆုရရှိသော အလင်းပြည့်အသင်းအား ပိုက်ကျော်ခြင်းဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းမြင့်ကလည်းကောင်း၊ ဒုတိယဆုရရှိသောပွင့် (က)အသင်းအား ပွင့်လွှာကဖေးနှင့် အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းမှ ဦးမောင်မောင်က လည်းကောင်း၊ ပထမဆုရရှိသော သိန်းကမ္ဘာ(ခ) စည်တော်ဟိန်းအသင်းအား ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော်ကလည်းကောင်း၊ နေရာအလိုက်အကောင်းဆုံးဆုများအား OMEGA ရောင်းဝယ်ရေးမှ ဒေါ်ခင်စုမှ တစ်ဦးချင်း ဆုတံဆိပ်၊ ငွေသားဆုနှင့် ဆုဖလားများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။


အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ အုပ်စုတစ်အုပ်စု လျှင်ပြိုင်ပွဲဝင် ပိုက်ကျော်ခြင်းအသင်း(၃)သင်းနှုန်းဖြင့် အုပ်စု(က)မှအုပ်စု(စ)အထိ ပြိုင်ပွဲဝင် ပိုက်ကျော်ခြင်းအသင်း စုစုပေါင်း(၁၈)သင်းတို့က ဇန်နဝါရီလ (၁) ရက်နေ့မှ ဇန်နဝါရီလ (၄)ရက်နေ့အထိ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ဖြူလူသစ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)