တော်လှန်ရေးမှာ ဘာမှတာဝန်ယူစရာမလိုတဲ့အတွက် အာဝင်ချောင်ခြင်းဖြစ်ကြောင်း အကြမ်းဖက်လှုံ့ဆော်သူ မျိုးရန်နောင်သိန်း ပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တော်လှန်ရေးမှာ ဘာမှတာဝန်ယူစရာမလိုတဲ့အတွက် အာဝင်ချောင်ခြင်းဖြစ်ကြောင်း အကြမ်းဖက်လှုံ့ဆော်သူ မျိုးရန်နောင်သိန်း ပြော


MNP ၊ ဇန်နဝါရီ ၂၂

အကြမ်းဖက်လှုံ့ဆော်မှုများကြောင့် ဝရမ်းထုတ်ခံရပြီး အမေရိကန်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားသူ မျိုးရန်နောင်သိန်း က တော်လှန်ရေးမှာ ဘာမှတာဝန်ယူစရာမလိုတဲ့အတွက် အာဝင်ချောင်းခြင်းဖြစ်ကြောင်း ပြောဆိုလိုက်သည်။

အမေရိကန်တွင် ခိုလှုံနေထိုင်ပြီး သူ၏ facebook လူမှုကွန်ရက်စာမျက်နှာမှ မကြာခဏ အကြမ်းဖက်လှုံ့ဆော် ပြောဆိုမှုများ လုပ်ဆောင်လျက်ရှိသည့် NLD သုတေသနဌာနမှူး (ဟောင်း) မျိုးရန်နောင်သိန်း က "ဘယ်လိုပါလာလဲ။ Live လွှင့်လာတယ်။ ဟိုပြော ဒီပြောပေါ့။ ကျွန်တော်တို့လိုပေါ့။ ဘာမှ တာဝန်မရှိဘူး ကျွန်တော်ပြောနေတာ ခင်ဗျား။ တော်လှန်ရေးထဲမှာ တာဝန်ယူစရာမရှိဘူး။ ဒီလိုပဲ အာဝင်ချောင်တာပေါ့ကွာ။" ဟု ပြောဆိုထားသည်။

မျိုးရန်နောင်သိန်း က စင်္ကာပူမှ အိုင်းရင်းဆိုသူ အမျိုးသမီး ပါဝင်လာခြင်းကို လက်မခံနိုင်ကြောင်း "ရှင်းရှင်းပြောမယ်။ ဘာကြောင့်လက်မခံတာလဲ။ တော်လှန်ရေးအားပျော့သွားလိမ့်မယ်။ ရေစီးကြောင်းဆိုတာ အရှိန်နဲ့ အဟုန်နဲ့ ပြင်းအားနဲ့ မြစ်ကြီးတစ်ခုထဲမှာပဲ ပင်မရေစီးကြောင်းထဲ အားလုံးဝင်စီးပြီးတော့ ဒုန်း ဒုန်း ဒုန်း ဆို ပစ်ထိုးထည့်နေတာ။" ဟု ပြောဆိုလိုက်သေးသည်။

၂၀၂၁ ခုနှစ် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ဆောင်ရွက်နေစဉ်အချိန်တွင် အကြမ်းဖက်လှုံ့ဆော်သူ မျိုးရန်နောင်သိန်း က ကျောင်းသားမိဘများကို ကျောင်းမထားရန် ခြိမ်းခြောက်ပြောဆိုမှုများ လုပ်ဆောင်ခဲ့ပြီး ကျောင်းထားပါက ခင်ဗျားတို့ သားသမီးများ ခြေပြတ်လက်ပြတ် ဖြစ်လိမ့်မယ်။ အခက်မသင့်ရင် အသက်ပါသွားနိုင်တယ် ဟု ခြိမ်းခြောက် ပြောဆိုခဲ့ပြီးနောက် PDF အကြမ်းဖက်သမားများက စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ ဆရာ/ ဆရာမများကို လုပ်ကြံသတ်ဖြတ်သည့် လုပ်ရပ်များ ကျူးလွန်ခဲ့ကြသည်။


#MyanmarNationalPost

(လက်သုံးချောင်းထောင် PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို သတ်ဖြတ်နေသည်။ အကြမ်းဖက်အဖွဲ့များအား အမေရိကန်ဦးဆောင်သော အနောက်အုပ်စုက ထောက်ပံ့ပေးနေသည်။ PDF အကြမ်းဖက်သမားများ အလိုမရှိ။)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)