ကျောက်ဖြူမြို့၌ (၅)နှစ်မြောက် ကျောက်ဖြူဘိုးဘွားရိပ်သာ နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့၌ (၅)နှစ်မြောက် ကျောက်ဖြူဘိုးဘွားရိပ်သာ နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပပြုလုပ်





MNP  -   ဇန်နဝါရီ ၉

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ (၅)နှစ်မြောက် ကျောက်ဖြူဘိုးဘွားရိပ်သာ နှစ်ပတ်လည်နေ့ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက တောင်ရင်းရပ်ကွက်ရှိ အဆိုပါရိပ်သာ အဆောက်အဦခြံဝန်း၌ ကျင်ပပြုလုပ်ရာ  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဘိုးဘွားရိပ်သာ နာယကအဖွဲ့ဝင်များ၊ အထောက်အကူပြုအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် ဘိုးဘွားများ တက်ရောက်ခဲ့ကြသည်။  


 ဦးစွာ အခမ်းအနားတက်ရောက်လာကြသူများမှ ဆရာတော်အရှင်သူမြတ်များအား နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး ငလပွေ့ကျောင်း ပဓာနနာယကဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက်  ကြွရောက်လာသည့် သံဃာတော် အရှင်သူမြတ်များမှ ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဇျာယ် ချီးမြှင့်တော်မူပြီး ဘိုးဘွားများနှင့် တရား နာပရိတ်သတ်များက သံဃာတော်အရှင်သူမြတ်များကို နဝကမ္မအလှူငွေများအား ဆက်ကပ်လှူဒါန်းခဲ့ သည်။ ယင်းနောက် ငလပွေ့ ဆရာတော်ဘုရားမှ သြဝါဒကထာများချီးမြှင့်၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေပြီး ဘိုးဘွားရိပ်သာ ၅ နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကို ‘ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု’ သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ပထမပိုင်းအစီအစဉ်အား ရုတ်သိမ်းခဲ့သည်။  


ယင်းနောက်   ကျောက်ဖြူ ဘိုးဘွားရိပ်သာ၌ နေထိုင်လျက်ရှိသည့် အဘိုး၊အဘွားများ၏ အုပ် ချုပ်မှုဆိုင်ရာကိစ္စရပ်များအား အဆင်ပြေစေရန်အတွက်  ခရိုင်အဆင့်ဌာနဆိုင်ရာများမှ စုပေါင်းလှူဒါန်း သည့် အလှူငွေကျပ် ငါးသိန်းရှစ်သောင်းလေးထောင့်ငါးရာကျပ်တိတိကို ကျောက်ဖြူခရိုင် စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်နှင့် အဖွဲ့ဝင်များမှ ဘိုးဘွားရိပ်သာအကျိုးတော်ဆောင်အဖွဲ့ခေါင်း ဆောင်ထံသို့ ပေးအပ်လှူဒါန်းရာ အကျိုးတော်ဆောင်အဖွဲ့ဝင်များမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်း လွှာများပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထိုသို့ ခရိုင်အဆင့်ဌာနဆိုင်ရာ များမှ ဘိုးဘွားရိပ်သာအတွက်လှူဒါန်းခြင်းကို ၂၀၂၂ ခုနှစ် ဇူလိုင်လမှစတင်၍ လှူဒါန်းထားရှိရာ ဇူလိုင်လတွင် ၅၅၀၀၀၀/-ကျပ်အားလည်းကောင်း၊ သြဂုတ်လတွင် ၄၆၅၀၀၀/-ကျပ်အားလည်းကောင်း၊ စက်တင်ဘာလတွင် ၅၁၀၀၀၀/-ကျပ်အားလည်းကောင်း၊ အောက်တိုဘာလတွင် ၅၀၂၅၀၀/-ကျပ်အား လည်းကောင်း၊ နိုဝင်ဘာလတွင် ၅၅၁၅၀၀/-ကျပ်အားလည်းကောင်းလှူဒါန်းထားရှိပြီး ဒီဇင်ဘာလအထိ စုစုပေါင်းလှူဒါန်းပြီးငွေ ကျပ်သိန်း သုံးဆယ့်တစ်သိန်းကျော်အား လှူဒါန်းထားရှိပြီးဖြစ်ရာ နောင်လာ မည့်လများတွင်လည်း ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။


ဆက်လက်ပြီး (၅)နှစ်မြောက် ကျောက်ဖြူဘိုးဘွားရိပ်သာ နှစ်ပတ်လည်နေ့ ပျော်ပွဲရွှင်ပွဲဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ ဘိုးဘွားရိပ်သာနာယကအဖွဲ့ဝင်များက ခမ်းအနားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ရိပ်သာနေဘိုးဘွားများနှင့် တက်ရောက်လာကြသူများကို နိဗ္ဗာန်ဈေးကံစမ်းမဲလက်မှတ် များအား မဲနှိပ်ပေးခဲ့ရာ ၎င်းတို့မှ မဲလိပ်များနှိပ်ယူခဲ့ကြပြီး မိမိတို့မဲပေါက်ရာ ဆိုင်ခန်းနေရာ အသီး သီးတို့၌ မုန့်ပဲသရေစာများအား ပျော်ရွှင်စွာရယူခဲ့ကြသည်။ အဆိုပါ ကျောက်ဖြူဘိုးဘွားရိပ်သာ၌ အဘိုး(၆)ဦး၊ အဖွား(၂၁)ဦး၊ စုစုပေါင်း အဘိုး၊အဖွား (၂၇)တို့နေထိုင်လျှက်ရှိကြောင်း သိရှိရသည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)