MNP - ဇန်နဝါရီ ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေကြသည့် တောင်သူများအတွက် သွင်းအားစုလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၃ ခုနှစ် မိုးကြိုသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများကို သတ်မှတ်အုပ်စုများအလိုက် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ပျဉ်းမနားမြို့နယ်အတွင်းရှိ လယ်ယာလုပ်ငန်းခွင်သို့ဝင်ကြမည့် တောင်သူများအတွက် အချိန်နှင့်တစ်ပြေးညီ စိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်နှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အချိန်စေ့အရောက် ချေးငွေပြေကြေသူများကို တစ်ဧကလျှင်(၁)သိန်းကျပ်နှုန်းဖြင့် မိုးကြိုသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ပေးသွားမည် ဖြစ်ကြောင်း” မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဒေါ်နန့်တင်စန်း ထံမှ သိရသည်။
မျိုးသီဟ
https://t.me/MyanmarNationalPost
No comments:
Post a Comment