MNP - ဇန်နဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် လမ်းဦးစီးဌာနမှ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး မြို့နယ်အတွင်း ပျက်စီးနေသည့် တံတားများနှင့် လမ်းနေရာများအား ပြန်လည်ပြုပြင်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်-တံစိုး-မင်းစု-ထုံးကြီး-လမ်းပိုင်းမှ ပျက်စီးနေသည့် လမ်းနေရာများအား ပြန်လည်ပြုပြင်ပေးခဲ့ကြောင်း သိရသည်။
ပြန်လည်ပြုပြင်ပေခဲ့သည့် လမ်းနေရာများမှာ လမ်း၏ (၄.၈၃) ကီလိုမီတာမှ (၆.၀၃) ကီလိုမီတာအတွင်း မူလ(၁.၂)ကီလိမီတာအရှည်၊ (၅.၅)ကီလိုမီတာအကျယ်ကတ္တရာလမ်းမျက်နှာပြင်အား တူးထုတ်ပြီး (၅၀/၁၀၀) မီလီမီတာ ကျောက်ဖြည့်ခင်းကြိတ်ပြီး (၇၅) မီလီမီတာအောက်အရွယ် ကျောက်များဖြင့် (၁၀၀)မီလီမီတာထု အခြေခံအလွှာခင်းခြင်း၊ (၂၅/၅၀) မီလီမီတာကျောက်များဖြင့် (၇၅)မီလီမီတာထု အပွန်ခံလွှာခင်းခြင်း၊ (၃၇.၅) မီလီမီတာထုအဝင် ကတ္တရာလောင်းခြင်းနှင့် ကတ္တရာရေပိတ် အလွှာလောင်းခြင်း၊ လမ်းပုခုံးပြုပြင်ခြင်း လုပ်ငန်းများဖြစ်ပြီး လုပ်ငန်းများကို တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ်(၁၁၁.၇၀)သန်း အကုန်အကျခံကာ မြို့နယ်လမ်းဦးစီး ဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ လမ်းအား ပြန်လည်ပြုပြုင်ပေးခဲ့ခြင်းကြောင့် လမ်းအသုံးပြုနေသည့် ပြည်သူများ၏ ဒေသထွက် ကုန်များနှင့် အခြားလူသုံးကုန်ပစ္စည်းများ သယ်ယူရာတွင် အချိန်တိုအတွင်း လွယ်ကူမြန်ဆန်စွာ သယ်ယူနိုင်တော့မည်ဖြစ်ပြီး ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍများ ဖွံ့ဖြိးတိုးတက်လာတော့မည်ဖြစ်ကြောင်းနှင့် မြို့နယ်လမ်းဦးစီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်အတွက် လမ်းများ၊ တံတားများ၊ လူနေထိုင်ရာ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန်၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အချိန်ကုန်သက်သာပြီး ကုန်ကျမှုစရိတ်သက်သာစေရန်၊ မြိုပြနှင့်ကျေးလက် ကွာဟမှုမရှိစေရေးအတွက် လမ်း၊တံတားများ တည်ဆောက်ပေးခြင်းလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment