ပေါင်မြို့နယ်တွင် လူဦးရေစာရင်း မှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်း လူဦးရေစာရင်း ကောက်ယူခြင်းလုပ်ငန်းများဆက်လက်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် လူဦးရေစာရင်း မှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်း လူဦးရေစာရင်း ကောက်ယူခြင်းလုပ်ငန်းများဆက်လက်ဆောင်ရွက်




MNP -  ဇန်နဝါရီ   ၁၃

မွန်ပြည်နယ်၊ သထုံခရိုင်၊ပေါင်မြို့နယ်၌ လူဦးရေစာရင်း မှန်ကန်စေရေးအတွက်အိမ်ထောင်စုစာရင်းနှင့် မြေပြင်ရှိ   လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးရန်အတွက် တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်း လူဦးရေစာရင်း ကောက်ယူခြင်းကိုယနေ့နံနက်ပိုင်းက ပေါင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာအုပ်စုများတွင် ကွင်းဆင်းကောက်ယူလျက်ရှိကြောင်းသိရသည်။


အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ကောက်ယူနိုင်ရန်နှင့် စာရင်းအချက်အလက်များ ပြည့်စုံမှန်ကန်စေရန် အတွက် မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဌဦးထင်လင်း‌အာင်နှင့် အဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ရပ်ကွက်/ကျေးရွာအုပ်စု မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီအဖွဲ့များက လိုအပ်သည်များကို ကြီးကြပ်ကူညီဆောင်ရွက်ပေးကာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေး ဝန်ထမ်းများ ၊ စေတနာ့ဝန်ထမ်းများ ပါဝင်သော(Working Group) ပူးပေါင်းအဖွဲ့ (၁၁၆)ဖွဲ့က သတ်မှတ်နယ်မြေအလိုက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူလျက်ရှိကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)