MNP - ဇန်နဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း၏ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို၊ ယနေ့ နံနက်(၉) နာရီက အဆိုပါ ကျောင်းစုဝေးခန်းမတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်အးနားတွင် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါက်တာသီတာဆွေက အဖွင့်အမှာစကားနှင့် ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး၊ ပထမနှစ်တက်ရောက်မည့် ကျောင်းသား/ ကျောင်းသူ မောင်မယ်သစ်လွင်များကို အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(ကျောက်ပန်းတောင်း)ရှိ ဌာနမှူး ဆရာ/ဆရာမ များနှင့်ပြုလုပ်ကြသည်။ ယင်းနောက် ဘာသာရပ်အလိုက် ကိုယ်စားပြုအဖြစ် မြို့ပြအင်ဂျင်နီယာဌာနမှူး ဒေါ်အိအိဖြိုးက ကျောင်းစည်းကမ်းဆိုင်ရာများ ကို ရှင်းလင်းပြောကြားပြီး၊ ပထမနှစ် ကျောင်းသား/ကျောင်းသူလေး မောင်မယ်သစ်လွင်များက မေဂျာအလိုက် တေးသရုပ်ဖော်များ၊ အကအလှ များဖြင့် ဧည့်ခံဖျော်ဖြေ၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
အဆိုပါ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားသို့ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာသီတာဆွေနှင့် ဌာနမှူး ဆရာ/ဆရာမများ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၄၅၀)ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment