ဂွမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေ




MNP  -  ဇန်နဝါရီ ၂

ရခိုင်ပြည်နယ်  ၊ သံတွဲခရိုင် ၊ ဂွမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ဇန်နဝါရီလ(၄)ရက်နေ့ကျရောက် မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးချုပ်ကထုတ်ဝေသည့် သတင်းစကားလက်ကမ်း စာစောင်များကို ယနေ့၊ နေ့လယ်ပိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက အထက(ဂွမြို့)ရှိ ကျောင်းသား/ကျောင်းသူများ ၊ ပြည်သူ့စာကြည့်တိုက်သို့ စာငှား၊စာဖတ်ရန် ရောက်ရှိလာသည့် ကျောင်းသား/ကျောင်းသူများအား အခမဲ့ ဖြန့်ဝေပေးလျက်ရှိသည်။


အဆိုပါလက်ကမ်းစာစောင်တွင်  ၁၉၄၇ ခုနှစ် ၊ဇူလိုင်လ ၁၃ ရက်နေ့ မြို့တော်ခန်းမ၌ ကျင်းပပြု လုပ်သော ပြည်သူ့အစည်းအဝေးကြီးတွင် ပြောကြားခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက် ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၄.၁.၂၀၂၂) ရက်နေ့ (၇၄)နှစ် မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ်ချက်၊ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များ၊စည်းလုံးညီညွတ်မှုကိုတည်ဆောက်၊ စည်းလုံးညီညွတ်စွာ ဆက်လက်ထိန်းသိမ်းစောင့်ရှောက် စသည့် လွတ်လပ်ရေး၏ အနှစ်သာရ စာပေအနှစ်ချုပ်၊  မြင်းမူမောင်နိုင်မိုးရေးသားသည့် လွတ်လပ်ရေးပန်းမို့ မနွမ်း စေချင်  ကဗျာ ၊ ကာတွန်း ၊ ဆောင်ပုဒ်များစသည့်တို့ပါဝင်သည့် လက်ကမ်းစာစောင်များကို ကျောင်းသား/ ကျောင်းသူများမား အခမဲ့ ဖြန့်ဝေ ပေးခဲ့ကြသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)