ကမာရွတ်မြို့နယ်ရှိ အမှတ်(၂)အ​​​ခြေခံပညာမှုလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (အပို​ဆောင်း) ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမာရွတ်မြို့နယ်ရှိ အမှတ်(၂)အ​​​ခြေခံပညာမှုလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (အပို​ဆောင်း) ဆက်လက်ထိုးနှံပေး


MNP  -   ​ဇန်နဝါရီ  ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (အပို​ဆောင်း) ထိုးနှံပေးခြင်းကို ယမန်​နေ့နံနက်ပိုင်း ၉နာရီကစ၍ အမှတ်(၉)ရပ်ကွက်၊ အမှတ်(၂)အ​ခြေခံပညာမှုလတန်း၌ ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။


အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကမာရွတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦး‌​ကောင်းမြတ်သူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲမှူး ဦးမြင့်နိုင်၊  မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ‌ သင်းသင်းနိုင်၊ မြိုနယ်ပညာ​ရေးမှူးတို့ကကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊  ဆရာ၊ ဆရာမများ၊  ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။


ကမာရွတ်မြို့နယ်တွင် အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(အပို​ဆောင်း) အဖြစ် ယ​​နေ့တွင် စုစု​ပေါင်း(၄၀)ဦး အားထိုးနှံပေးခဲ့ကြောင်း၊ ဆေးထိုးရန်ကျန်ရှိသည့် မြိုနယ်အတွင်းရှိအ​ခြေခံပညာ​ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သတင်းရရှိသည်။


စိမ်းလဲ့ 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)