ရှမ်းရွာသစ်မြို့တွင် တစ်ပိုင်တစ်နိုင်ရိုးရာ ကြံသကာချက်လုပ်ရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းရွာသစ်မြို့တွင် တစ်ပိုင်တစ်နိုင်ရိုးရာ ကြံသကာချက်လုပ်ရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေ




MNP  -  ဇန်နဝါရီ  ၂၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပုံမှန်လယ်ယာစိုက်ပျိုးခြင်းအပြင် မိသားစုတစ်ပိုင် တစ်နိုင်ရိုးရာလုပ်ငန်းများကို နှစ်စဉ်လုပ်ကိုင်လျက်ရှိရာ ရာသီပေါ် ကြံသကာချက် လုပ်ရောင်းချခြင်းဖြင့် မိသားစုစား ဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။


အဆိုပါ ကြံသကာချက်လုပ်ရောင်းချခြင်းလုပ်ငန်းတွင် "ကြံများကို ယခင်နှစ်နိုဝင်ဘာလတွင် မိသားစု ကိုယ်တိုင်ကြိုးစားကာ စတင်စိုက်ပျိုးပြီး တစ်နှစ်ကြာပါက ရိတ်သိမ်းကြောင်း၊ ရိတ်သိမ်းပြီး ကြံများကို ပထမဦးဆုံး ကြံရည်ရယူကာ သန့်စင်ပြီး မီးတောက်ပြင်းပြင်းဖြင့် စတင်ကြိုချက် ရကြောင်း၊ ကျိုချက်၍ ရလာသော ကြံအနှစ်များကို ယောင်းမဖြင့် နာနာမွှေပြီးနောက် ကြံသကာခဲများကို နှစ်သက်ရာပုံစံဖြင့် ယူရကြောင်း၊ လက်ရှိတွင် ကြံသကာတစ်ပိဿာလျှင် ငွေကျပ်(၂၅၀၀)ကျပ်မှ (၃၀၀၀)ကျပ်ထိရရှိ၍ မိသားစုစားဝတ်နေ ရေးအဆင်ပြေကြောင်း၊ နှစ်စဉ်ရိုးရာကြံသကာချက်လုပ် ရောင်းချခြင်းလုပ်ငန်းကိုလုပ်ကိုင်ကြောင်း၊ မြို့အတွင်းရှိ ကျေးရွာများအပြင် လှိုင်းဘွဲမြို့နယ်နှင့် မြိုင်ကြီးငူအထူးဒေသများမှ အများဆုံး လာရောက်ဝယ်ယူ ကြောင်း၊ ကြံသကာခဲသည် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာ တစ်မျိုးဖြစ်သောကြောင့် လူမျိုး၊ ဘာသာမရွေး နှစ်ခြိုက်စွာ စားသုံးကြကြောင်း စသည်ဖြင့် ကြံသကာချက်လုပ် ရောင်းချခြင်းနှင့် ပတ်သက်၍  အမှတ်(၂)ရပ်ကွက်ရှိ ကြံသကာချက်လုပ်ရောင်းချသည့် လုပ်ငန်း လုပ်ကိုင်သူ ဒေသနေပြည်သူတစ်ဦးထံမှ သိရသည်။


ရှမ်းရွာသစ်မြို့အတွင်း၌ ဒေသထွက် ကြံသကာများကို အများဆုံး စားသုံးသည့်အတွက် အရောင်းအဝယ်ကောင်းပြီး အခြားသော ရာသီပေါ် အစားအစာများထက် အဆိုပါ ကြံသကာများသည် ဒေသတွင် နာမည်ရသော အစားအစာတစ်မျိုးဖြစ်ကြောင်း သိရသည်။


ဇင်လေး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)