မာန်အောင်မြို့၌(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အားကစားပြိုင်ပွဲများကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့၌(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အားကစားပြိုင်ပွဲများကျင်းပ




MNP  -   ဇန်နဝါရီ  ၂

ရခိုင်ပြည်နယ် မာန်အောင်မြို့၌၂၀၂၃ခုနှစ်၊ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့်(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ညနေ၃နာရီက မာန်အောင်မြို့ မိုးလုံ လေလုံ အားကစားခန်းမ၌ကျင်းပခဲ့သည်။


     အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းက(၇၅)နှစ်မြောက် စိန်ရတုလွတ်ရေးနေ့ အထိမ်းအမှတ်အဖြစ်အားကစားပြိုင်ပွဲများကို ကျင်းပရခြင်းဖြစ်ကြောင်း အားကစားသမားများအနေဖြင့် တစ်ဦးနှင့်တစ်ဦးရင်းနှီး

မှုရှိပြီး မြန်မာ့အားကစား အဆင့်အတန်းမြင့်မားလာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားပြီး ပိုက်ကျော်ခြင်းပြိုင်ပွဲကို စတင်ကျင်းပခဲ့ပြီး ပြိုင်ပွဲတွင် အသင်း(၉)သင်းဝင်ရောက်ဝင်ယှဥ်ပြိုင်ကြမည်ဖြစ်ကြောင်းသိရသည်။


      အဆိုပါ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ်အားကစားပြိုင်ပွဲတွင်  ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ကျား/မ မီတာ(၁၀၀)အပြေးပြိုင်ပွဲ၊ချောတိုင်တက်ပြိုင်ပွဲ၊ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ခြေပူးအပြေးပြိုင်ပွဲ၊ကွမ်းသီးကောက်ပြိုင်ပွဲ၊အပ်ချည်ထိုး

ပြိုင်ပွဲ၊မုန့်စားပြိုင်ပွဲ၊သံပုံးရိုက်ပြိုင်ပွဲ စသည့် ပြိုင်ပွဲ(၉)မျိုးပါဝင်မည်ဖြစ်ပြီးပြိုင်ပွဲများကို(၂-၁-၂၀၂၃)ရက်နေ့မှ(၄-၁-၂၀၂၃)ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။


ဦးသိန်းဖေ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)