ကွမ်းလုံမြို့၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကွမ်းလုံမြို့၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကျင်းပ


MNP -  ဇန်နဝါရီ        ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ပညာရေး စုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်ကကွမ်းလုံ မြို့နယ် အခြေခံပညာအထက်တန်းကျောင်းရှိ သံလွင်ဆောင်ခန်းမတွင်ကျင်းပပြုလုပ်ရာ ကွမ်းလုံ အခြေချစစ်ဗျူဟာအဖွဲ့ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအေးမင်းထွန်း၊ ကွမ်းလုံမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဉက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး မြို့နယ်ပညာရေးကော်မတီဥက္ကဋ္ဌ ဦးရန်နိုင်မောင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်း သား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ အခမ်းအနားကိုဖွင့်လှစ်ကြောင်းကြေငြာပြီး အထက(ကွမ်းလုံ)ရှိ ကျောင်းသား/ ကျောင်းသူများက ဘက်စုံပညာရည် တို့လှမ်းချီသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး မြို့နယ်ပညာရေးကော်မတီ ဥက္ကဋ္ဌ ဦးရန် နိုင်မောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးလှအောင်က ပညာရေးစုံညီပွဲ တော်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံး/ကဗျာပြိုင်ပွဲ၊ လွတ်လပ်ရေးနေ့အ ထိမ်းအမှတ် စာစီစာကုံး/ကဗျာပြိုင်ပွဲ၊ ကမ္ဘာ့ခရီးသွားနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတို့တွင် ဆုရကျောင်းသား/ကျောင်းသူများ၊ မြို့နယ်အဆင့် လူရည်ချွန်ဆုရရှိသည့် ကျောင်းသား/ကျောင်းသူ များနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အဆင့်ဘောလုံးအသင်းတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ သည့် ကျောင်းသားကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။


ယင်းနောက် ကျောင်းသားကျောင်းသူများက အခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်ပရိ သတ်များကို သီချင်းများ၊ အကပဒေသာများဖြင့် ကပြသီဆိုဖျော်ဖြေပေးခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)