“ဝ” အထူးဒေသ မိုင်းမောနှင့်နမ့်တစ်မြို့နယ်အတွင်း ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

“ဝ” အထူးဒေသ မိုင်းမောနှင့်နမ့်တစ်မြို့နယ်အတွင်း ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ ကျင်းပ


MNP  -   ဇန်နဝါရီ ၁၅

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရှမ်းပြည်နယ်(မြောက်ပိုင်း) “ဝ” အထူးဒေသအတွင်း ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် ကွင်းဆင်းဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲများကို ယနေ့တွင် “ဝ”အထူး ဒေသအတွင်းရှိ မိုင်းမောနှင့် နမ့်တစ်မြို့တို့၌ကျင်းပရာ အခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဥက္ကဋ္ဌ ဦးညီနပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ “ဝ” အထူးဒေသအုပ်ချုပ်ရေးအဖွဲ့မှ တိုင်းရင်းသားခေါင်းဆောင်များနှင့် တာဝန်ရှိသူများ၊ “ဝ”တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။


ရှေးဦးစွာ “ဝ” အထူးဒေသ မိုင်းမောမြို့နယ်ခန်းမ၌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လမ်းညွှန်ချက်ဖြင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံသားတိုင်း ၎င်းတို့၏ နိုင်ငံ သားဖြစ်မှု အရည်အချင်းအရ ကိုင်ဆောင်သင့်သည့် ကတ်ပြား တစ်မျိုးမျိုးထုတ်ပေးခြင်း လုပ်ငန်းကို ခေတ်အဆက်ဆက် စီမံချက်များ ရေးဆွဲဆောင်ရွက်ပေးလျက်ရှိပြီး ယခုအခါ “ဝ” အထူးဒေသတွင် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း၊ ပန်းခင်းစီမံချက် သည် နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း နိုင်ငံသားကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ရာ ယခုအခါနိုင်ငံတစ်ဝန်း ရာနှုန်းပြည့်နီးပါး ထုတ်ပေးဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ ယခုဆောင်ရွက်ရန် ကျန်နေသေးသည့် “ဝ” အထူးဒေသနှင့်ယခုနှစ်အတွင်း အသက် ၁၆ နှစ်ပြည့်လာမည့် နိုင်ငံသားများအတွက် ပန်းခင်းစီမံချက် အဆင့်(၂)ဖြင့် ကွင်းဆင်းဆောင် ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ နိုင်ငံသားကတ်သည် နိုင်ငံသားတစ်ဦးအတွက် နိုင်ငံသားအခွင့် အရေး အပြည့်အဝရရှိနိုင်သည့် အထောက်အထား တစ်ခုဖြစ်ပြီး လူမှုဘဝ ဆောင်ရွက်မှုတိုင်း၌ မရှိမဖြစ်လိုအပ်သည့် ကတ်ပြား တစ်ခုဖြစ်ပါကြောင်း၊ ကွင်းဆင်းဆောင်ရွက်ပေးရန် ကျန်ရှိနေသေးသည့် “ဝ”အထူးဒေသအတွင်းရှိ မြို့နယ်များကိုလည်း နိုင်ငံသားကတ်ပြား ထုတ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြ စေလိုကြောင်း ရှင်းလင်းပြော ကြားသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ်အတွင်း ပန်းခင်းစီမံချက်ဆောင်ရွက်မှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုနှင့် ပတ်သက်၍ အမှာစကား ပြောကြားပြီး ပန်းခင်းစီမံချက် အဆင့်(၂)ဖြင့် မိုင်းမောမြို့နယ်အတွင်း ကွင်းဆင်းဆောင်ရွက် ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေ စာရင်း ၉၇၅ စောင်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၅၈၈ ကတ် တို့ကို ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ “ဝ”အထူးဒေသမှ အထွေထွေ အတွင်းရေးမှူး ဦးတာ့ပေါင်းနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ဒေသခံကိုယ်စားလှယ်များထံ ပေးအပ်ကြသည်။


ယင်းနောက် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးမှုအတွက် “ဝ” အထူးဒေသမှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက မိုင်းမောမြို့နယ်အတွင်း ပန်းခင်းစီမံချက် ကွင်းဆင်းဆောင်ရွက်ပေးသည့် ဝန်ထမ်းများကို စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ကာ တက်ရောက်လာကြသူများ ကို ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးကြသည်။


ထိုမှတစ်ဆင့် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် တပ်မတော်ရဟတ်ယာဉ်ဖြင့် မိုင်းမောမြို့မှ နမ့်တစ်မြို့သို့ထွက်ခွာ၍ နမ့်တစ်မြို့ မြို့နယ်ခန်းမ၌ကျင်းပသည့် ပန်းခင်းစီမံချက် အဆင့်(၂) ဖြင့် ကွင်းဆင်း ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့်နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲသို့ တက်ရောက်ကြပြီး အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကား ပြောကြားသည်။ ပြည်နယ် ဝန်ကြီးချုပ်ကနမ့်တစ်မြို့နယ်အတွင်း ပန်းခင်းစီမံချက် ဆောင်ရွက်ပြီးစီးမှုနှင့် ဒေသဖွံ့ဖြိုး ရေးဆိုင်ရာဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြား သည်။


ထို့နောက် နမ့်တစ်မြို့နယ်အတွင်း ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စု လူဦးရေစာရင်း ၂၉၄၁ စောင်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား ၇၇၁၅ ကတ်တို့ကို ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ဒေသခံ တိုင်းရင်းသားအဖွဲ့မှ ဦးအိုက် ရုန်းနှင့် တာဝန်ရှိသူများက ဒေသခံတိုင်းရင်းသား ကိုယ်စား လှယ်များထံ ပေးအပ်ကြ သည်။


ယင်းနောက် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးမှုအတွက် “ဝ” အထူးဒေသအဖွဲ့မှ ဦးလူကြာရှင်းက ကျေးဇူးတင် ဝမ်းမြောက်စကား ပြောကြားကာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးကြသည်။


အဆိုပါ အခမ်းအနားများတွင် မိုင်းမောနှင့် နမ့်တစ်မြို့နယ်အတွင်း ပန်းခင်းစီမံချက် အဆင့်(၂)ဖြင့် စုစုပေါင်းအိမ်ထောင်စု လူဦးရေစာရင်း ၃၉၁၆ စောင်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၉၃၀၃ ကတ်တို့ကို ကွင်းဆင်းဆောင်ရွက် ထုတ်ပေးနိုင်ခဲ့ကြောင်းနှင့် “ဝ” အထူးဒေသအတွင်း ဆောင်ရွက်ရန်ကျန်ရှိသည့် မြို့နယ်များသို့လည်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများက ဆက်လက်ကွင်းဆင်း ဆောင်ရွက်ထုတ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)