မအီမြို့တွင် ပညာရေးစုံညီပွဲတော်နှင့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပဒေသာကပွဲနှင့် ဆုချီးမြှင့်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့တွင် ပညာရေးစုံညီပွဲတော်နှင့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပဒေသာကပွဲနှင့် ဆုချီးမြှင့်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ






MNP  -  ဇန်နဝါရီ    ၄

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ အထက်တန်းကျောင်းတွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပဒေသာကပွဲနှင့်  ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါကျောင်းရှိ မြရတနာခန်းမတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အခမ်းအနားကို အ ထ က မအီကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသန်းဝင်းက အဖွင့်အမှာစကားပြောကြား၍ ပဒေသာကပွဲအစီအစဉ်ကို Grade-7 ကျောင်းသား/ကျောင်းသူလေးများက ' မြန်မာ့ကျောင်း ' သီချင်းဖြင့် ဖွင့်လှစ်သီဆိုဖျော်ဖြေခဲ့ကြပြီး‌ မြန်မာ့ယဉ်ကျေးမှု၊ ရခိုင်ရိုးရာယဉ်ကျေးမှုနှင့် ခေတ်ပေါ် အကအလှများဖြင့် ကျောင်းသား/ကျောင်းသူလေးများ၏ ကပြသီဆိုဖျော်ဖြေမှုများကို အစီအစဉ်(၁၄)ခုနှင့် ဆုချီးမြှင့်ခြင်းအစီအစဉ်များကို ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေဖြင့် ကျင်းပဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ 


ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ပညာရေးစုံညီပွဲတော်အထိမ်းအမှတ်နှင့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို ကာယဉာဏအားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် အထက်တန်း/အလယ်တန်း/မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများနှင့် (၄၈)နှစ်မြောက်၊ ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိခဲ့သော ကျောင်းသားကျောင်းသူများကိုလည်း တစ်ပါတည်း ဆုချီးမြှင့်ပေးခြင်းဖြစ်ပြီး ဆုများကို အခမ်းအနားသို့ တက်ရောက်အားပေးခဲ့ကြသည့် မအီနယ်မြေခံတပ်ရင်းမှ ဒုတိယဗိုလ်မှူးကြီး မြင့်ဇော်ထွန်း၊ မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပု၊ မအီနယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်ချစ်ထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးမိသားစုမှ ဆရာ/ဆရာမများက ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်းနှင့် ချီးမြင့်ပေးခဲ့သည့် ဆုများ၏ စုစုပေါင်းတန်ဖိုးမှာ ငွေကျပ်(၂၉၅၀၀၀)ကျပ်ကို ချီးမြှင့်ပေခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ကျောင်းအုပ်ဆရာကြီး ဦးသန်းဝင်းက သိရသည်။


မောင်မောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)