မြေပုံမြို့၌ ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြေပုံမြို့၌ ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲ အခမ်းအနား ကျင်းပ





MNP  -   ဇန်နဝါရီ ၁၄

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နေ့လည် (၁၂) နာရိအချိန်က တရုတ်တန်းရပ်ကွက် (အ.ထ.က၊မြေပုံ) ကျောင်း ဦးစိန္တာခမ်းမ၌  ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ အခမ်းအနားကို ကြိုဆိုပါသည်စုံညီပွဲတော် သီချင်းဖြင့်အ၊ထ၊က (မြေပုံ) ကျောင်သား/သူများမှ ဂုဏ်ပြုသီဆို ဖွင့်လှစ်ပြီး မြိုနယ်ပညာရေးမှူး ဦးအောင်ဌေးက ပညာရေးစုံညီပွဲတော်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ အခြေခံပညာ အထက်တန်းကျောင်း အ.ထ.က မြေပုံ ကျောင်းအုပ်ဆရာကြီး ဦးမောင်လှခင်က ကျောင်းနှင့်ပတ်သက်သည်များအား ရှင်းလင်းတင်ပြရာ၌ မိမိတို့ကျောင်းမှ ဆရာ/ဆရာမများတို့မှ ကြိုးစားအားထုတ်မှု၊ စည်းကမ်းတကျ လုပ်ဆောင်နိုင်မှုတို့ကြောင့် ထူးချွန်ထက်မြက်သော ကျောင်းသား/ ကျောင်းသူများ ပေါ်ထွက်လာခြင်းဖြစ်ပြီး ယခုပိုမို၍ ဆက်လက်ကြိုးစားကြရန်တို့ကို ပြောကြားခဲ့သည်။


ထို့နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် မြို့နယ်အဆင့် ဘက်စုံထူးချွန်ဆုရရှိသူများ၊ မြိူ့နယ်အဆင့် ပြိုင်ပွဲများတွင် ဆုရရှိသူများ၊ အတန်းကူးပြောင်း စာမေးပွဲတွင် ဆုရရှိသူများ၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား တာဝန်ရှိသူ အသီးသီးတို့က ဆုများ ချီးမြှင့်ပေးသည်။


အခမ်းအနားသို့ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ပညာရေးမှူး အမှုပြုသော ထက်၊လယ်၊မူ ကျောင်းများမှ ဆရာကြီး/ဆရာမကြီးများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသာမိဘများ တက်ရောက်ကြပြီး ကျောင်းသားကျောင်သူများက အကပဒေသာများဖြင့် ကပြဖျော်ဖြေပေးကြသည်။ ထို့နောက် အခမ်းအနားကို အ.ထ.က(မြေပုံ) ကျောင်းသားကျောင်းသူများက မဟာနွယ်သီချင်း သီဆိုပြီး အခမ်းအနား ရုပ်သိမ်းခဲကြောင်း သိရသည်။


တင်ဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)