တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး(အရာထမ်း)သင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး(အရာထမ်း)သင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ


MNP -  ဇန်နဝါရီ ၆

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး(အရာထမ်း)သင်တန်း၊ သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းသား သင်တန်းသူများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး/ ပြည်နယ် ညွှန်ကြားရေးမှူးရုံးများနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)မှ သင်တန်းသား သင်တန်းသူများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး(အရာထမ်း)သင်တန်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံ့ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ လူ့စွမ်းအားအရင်းအမြစ်များ လေ့ကျင့်ပျိုးထောင်ပေးရေးတို့အတွက် ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း၊ သင်တန်းသားသင်တန်းသူများအနေဖြင့် “Never too late to learn” ဆိုသည့် စကားအတိုင်း စဉ်ဆက်မပြတ် ဆက်လက်လေ့လာဆည်းပူးကြရန် လိုအပ်ကြောင်း၊ သို့မှသာလက်တွေ့လုပ်ငန်းများဆောင်ရွက်ရာတွင်ဝန်ကြီးဌာန၏ အောင်မြင်မှုကိုအထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် အရည်အချင်းရှိရန်လိုအပ်ပြီးကြိုးစားလျှင် ကြိုးစားသကဲ့သို့ အခွင့်အရေးရရှိမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာန၏စည်းမျဉ်းစည်းကမ်းများ၊ အမိန့်ညွှန်ကြားချက်များကိုလည်း သိရှိရန်လိုအပ်သကဲ့သို့ လိုက်နာဆောင်ရွက်ကြရန်နှင့်လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း စေတနာထားဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မိမိတို့ဌာနသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနဖြစ်သဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က သင်တန်းဆင်းလက်မှတ်များကိုပေးအပ်ခဲ့ရာ သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးနှင့် သင်တန်းသူနှစ်ဦးတို့က လက်ခံရယူခဲ့ကြသည်။


ယခုဖွင့်လှစ်ခဲ့သည့်သင်တန်းသို့ သင်တန်းသား သင်တန်းသူ ၃၂ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၁)လကြာမြင့်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)