လူထုအခြေပြုဗဟိုဌာန ကော့မှူး၌ စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူထုအခြေပြုဗဟိုဌာန ကော့မှူး၌ စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းကျင်းပ




MNP  -   ဇန်နဝါရီ ၂၀

စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များစုပေါင်း၍ စာဖတ်ဝိုင်းကို ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community  Centre ခန်းမ၌ ယ‌နေ့နံနက်ကကျင်းပခဲ့ကြောင်း သိရသည်။


စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က စာပေချစ် မြတ်နိုးသူများအနေဖြင့် အသက်အရွယ်အလိုက် စာအုပ်စာစောင်များကို လေ့လာဖတ်ရှုခြင်းကြောင့် ကိုယ်တိုင်စဉ်းစားတွေးခေါ်တတ်သော အတွေးအခေါ်အ‌မြော်အမြင်များရရှိစေရန်နှင့် စာပေကောင်းများပိုမိုလေ့လာဖတ်ရှုတတ်သော အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် အပြန်အလှန်ဆွေးနွေးတတ်သောအလေ့ အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို အစဉ်အမြဲဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင် ဒေါ်တင်သန်းက စာ‌ရေးဆရာကိုရွှေရင်အေး ‌ရေးသားထားသည့် ရွာကြီးတစ်ရွာသို့အလည်တစ်‌ ခေါက်စာအုပ်မှ “ရွာကြီးတစ်ရွာသို့ အလည်တစ်ခေါက်သွားခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင် ဒေါ်ခင်ထွေးရီက “အမြဲတမ်း(၁၈)နှစ်နဲ့မြန်မာပြည်သီချင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊‌ အဖွဲ့ဝင် မောင်စိုးသူရက “သူနားလည်အောင်ရှင်းပြပါ” ခေါင်းစဉ်များဖြင့် ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် Book Club အသင်းမှအဖွဲ့ဝင် ဒေါ်တင်သန်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး စာပေချစ်မြတ်နိုးသူများက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြ‌ကြောင်း သိရသည်။


ကျော်သူရ

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)