မင်းဘူး(စကု)မြို့နယ်တွင် ဆောင်းကြက်သွန်နီ စိုက်ပျိုးသူများ ဈေးကောင်းရရန်မျှော်လင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူး(စကု)မြို့နယ်တွင် ဆောင်းကြက်သွန်နီ စိုက်ပျိုးသူများ ဈေးကောင်းရရန်မျှော်လင့်



MNP  -    ဇန်နဝါရီ  ၁၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် ဆောင်းကြက်သွန်နီများစိုက်ပျိုးပြီး ဈေးကောင်းရရန် မျှော်လင့်နေကြကြောင်း ရွှေတပင်ကျေးရွာ ကြက်သွန်နီစိုက်တောင်သူများထံမှ သိရသည်။


မင်းဘူးမြို့တွင် မိုးကြက်သွန်များပေါ်ကာစ တစ်ပိဿာ ကျပ် ၃၅၀၀ ဈေးအထိရောင်းရပြီး ပြန်ကျလာကာ ယခုလက်ရှိအချိန်တွင် ကြက်သွန်နီ တစ်ပိဿာ ၂၀၀၀၊ ၂၂၀၀ ကျပ် ရောင်းချနေရသော်လည်း ဈေးကွက်အတွင်း ကြက်သွန်နီဝင်ရောက်မှု နည်းပါးလာကြောင်း မင်းဘူးမြို့ ကြက်သွန်ပွဲရုံ ပိုင်ရှင်များထံမှ သိရသည်။


ကြက်သွန်နီစိုက်ပျိုးရာတွင် ယခင်က မိုးတွင်းကာလများတွင်သာ စိုက်ပျိုးကြသော်လည်း ယခုအခါ မြေအောက်ရေများ အသုံးပြု၍ ရာသီမရွေး စိုက်ပျိုးလာကြသည်။ သို့သော် မိုးတွင်းကာလတွင် ကြက်သွန် အဖြစ်များ၍ စိုက်ပျိုးမှုများပြီး၊ ဈေးကောင်ဆုံးအချိန်သည် မိုးဦးကာလ မေ၊ ဇွန်၊ ဇူလိုင်လများသည် ဈေးအကောင်းဆုံး လများဖြစ်သည်။


ကြက်သွန်နီစိုက်ပျိုးရာတွင် သွင်းအားစုများပြီး စရိတ်ပိုကာ စက်သုံးဆီဈေး၊ မြေဩဇာဈေး၊ အလုပ်သမားခ၊ ပျိုးပင်ဖိုးများကြောင့် ကြက်သွန်နီတစ်ပိဿာလျှင် ကျပ် ၅၀၀/၆၀၀ ဖြင့်ရောင်းချပါက စရိတ်စကလောက်သာရရှိကြောင်း ကြက်သွန်စိုက်တောင်သူများထံမှ သိရသည်။ ယခု လက်ရှိတွင် လက်လီဈေး ကျပ် ၂၀၀၀/၂၀၀၀ ကျော်ရောင်းရကာ ကြက်သွန်နီစိုက်ပျိူးသူများ အဆင်ပြေလျက်ရှိကြသော်လည်း ဆောင်းကြက်သွန်များပေါ်ချိန်တွင် ဈေးကောင်းရန်မျှော်လင့်နေကြကြောင်း မင်းဘူး(စကု)မြို့နယ် ရွှေတပင်ကျေးရွာ ကြက်သွန်နီစိုက် တောင်သူကိုမြစိုးက ပြောသည်။


ဇေယျာထက်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)