ပေါက်ခေါင်းမြို့ အထက(အိုးဘိုကုန်း)၌ ပညာရေးစုံညီပွဲတော်နှင့်ထူးချွန်ဆုများပေးအပ်ချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်ခေါင်းမြို့ အထက(အိုးဘိုကုန်း)၌ ပညာရေးစုံညီပွဲတော်နှင့်ထူးချွန်ဆုများပေးအပ်ချီးမြှင့်



MNP  -  ဇန်နဝါရီ    ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ ပေါက်ခေါင်းမြို့အထက(အိုးဘိုကုန်း)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ထူးချွန်ဆုများပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက  အဆိုပါ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။


ရှေးဦးစွာ ပညာရေးစုံညီပွဲတော်အခမ်းအနားတွင် အထက(အိုးဘိုကုန်း)မှ ကျောင်းသား၊ ကျောင်းသူလေးများက  ကြိုဆိုပါသည်စုံညီပွဲတော် သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဖြိုးသူမောင်က အဖွင့်အမှာစကားနှင့် အထက(အိုးဘိုကုန်း)ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဝင်းက ကျောင်းသား/ကျောင်းသူများ ဘက်စုံပညာထူးချွန်ရေးတို့အတွက် ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများမှ ပူးပေါင်းဆောင်ရွက်ရေး၊ ယခုကဲ့သို့ ထူးချွန်ကျောင်းသားများ စဉ်ဆက်မပြတ်ပေါ်ထွက်လာစေရေးအတွက် ဝိုင်းဝန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျောင်းပညာရေးသာမက အခြားဘက်စုံထူးချွန်ရေးတို့အတွက် မိဘ/ဆရာ/ ကျောင်းသားတို့မှ ဆက်လက်ကြိုးစားဆောင်ရွက်သွားရမှာဖြစ်ပါကြောင်းနှင့်‌ ကောင်းမွန်သောဘဝတစ်ခုကိုတည်ဆောက်နိုင်ရန်အတွက် အဓိကအချက်က သင်ကြားခဲ့သောပညာများကိုအခြေခံ၍ တိုးတက်ကောင်းမွန်အောင်ကြိုးစားရမည်ဖြစ်ကြောင်းပြောကြားသည်။


ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာ‌ရေးဌာနမှတာဝန်ရှိသူများနှင့် ကျောင်းအုပ်ဆရာမကြီးက တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရရှိအောင် သင်ကြားပေးသော ဆရာ/ဆရာမများ၊ ၂၀၂၂-၂၀၂၃  ပညာသင်နှစ်တွင်မြို့နယ်အဆင့်ပညာရည်ချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများနှင့်အားကစားထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများကို ဆုများချီးမြှင့်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက တေးသရုပ်ဖော်အကများဖြင့် ကပြသီဆို ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)