MNP - ဇန်နဝါရီ ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပုဗ္ဗသီရိမြို့နယ် ရွာသစ်ကျေးရွာ၌ တောင်သူ အကြိုက်ပဲကြီးများ စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။ "ပဲကြီးကို တော်သလင်းလမှ စတင်စိုက်ပျိုးပြီး တပေါင်းလမှာ ရိတ်သိမ်းသွားမှာဖြစ်ပါတယ်။ တစ်ဧကကို(၈)ပြည်နှုန်း စိုက်ပျိုးလေ့ရှိပြီး တစ်ဧကကိုတင်း(၄၀)ထိထွက်ပါတယ်။ ယခင်နှစ် ပဲကြီးတစ်တင်းကို (၅၀၀၀၀)ကျပ်မှ (၆၀၀၀၀)ကျပ်အထိရရှိခဲ့ပါတယ်။ ယခုနှစ်မှာ မိုးနှောင်းစောစော ခွာသွားတဲ့ အတွက် ရေရရှိမှုနည်းပြီး အထွက်နှုန်း လျော့နည်းမှာဖြစ်ပါတယ်။ တစ်ဧကကို တင်း(၃၀)လောက်ပဲထွက်မယ်လို့ ခန့်မှန်းရပါတယ်။ ယခုနှစ် ဈေးကောင်းရဖို့ မျှော်လင့်မိပါတယ်"ဟု တောင်သူတစ်ဦးထံမှ သိရပါသည်။
ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ပဲကြီးကို သီးညှပ်၊ သီးသန့် စိုက်ပျိုးလေ့ရှိပြီး ယခုနှစ် မိုးနှောင်းမကောင်းသည့်အတွက် အထွက်နှုန်းများ လျော့နည်းလျက်ရှိကြောင်း သိရသည်။
ကိုရှိုင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment