MNP - ဇန်နဝါရီ ၃
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအသင်း၏စီစဉ်မှုဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနမှတာဝန်ရှိသူများ၊ စည်ပင်သာယာရေးအဖွဲ့မှတာဝန်ခံများ၏ကြီးကြပ်မှုဖြင့် ကော့သောင်းခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ ပိတောက်ရွှေဝါဘုရင့်နောင်ရပ်ကွက်ပြည်သူများအား ရောင်းချပေးခဲ့ကြောင်းသိရသည်။
မြို့နေပြည်သူများ ချက်ပြုတ်စားသောက်မှုကိစ္စများတစ်ဖက်တစ်လမ်းမှ အဆင်ပြေကြစေရန် မီးဖိုချောင်သုံးစားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်ရာ လူတစ်ဦးလျှင် စားအုန်းဆီတစ်ပိသာစီကို (၄၉၅၀)ကျပ်နှုန်းဖြင့် မည်သူမဆိုလွတ်လပ်စွာဝယ်ယူနိုင်ရေး မိုဘိုင်းကားဖြင့်လိုက်လံရောင်းချပေးခြင်းဖြစ်သည်။
အလားတူ ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် ကျန်ရှိနေသော မြို့ပေါ်ရပ်ကွက်များသို့လည်း လှည့်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ကော့သောင်းခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦး၏ပြောဆိုချက်အရ သိရသည်။
ကျော်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment