လားရှိုးမြို့တွင် လူငယ်စကားဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့တွင် လူငယ်စကားဝိုင်းကျင်းပ




MNP   -   ဇန်နဝါရီ ၁၉  

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများ ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတကြွယ်၀စေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို လားရှိုးမြို့လူထုအခြေပြုဗဟိုဌာန Community Centre၊ ဘက်စုံသုံးခန်းမတွင် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က လူငယ်စကားဝိုင်းကျင်းပရခြင်းနှင့်ပတ်သက်၍လည်းကောင်း၊ လားရှိုးလူထုအခြေပြုဗဟိုဌာန Community Centre တွင် ဆောင်ရွက်လျက်ရှိသော ပြည်သူ့အကျိုးပြုလုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများအကြောင်းနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လူငယ်စကားဝိုင်း ဆက်လက်ကျင်းပရာ လားရှိုးခရိုင် ပြန်ကြားရေးနှင့်​ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး လှိုင်းတက်၊ ဝင်းနိုင်အောင်မြေ၊ ရွှေဧရာ၊ International Private School စသည့် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက လူငယ်နှင့်စာပေ၊ လူငယ်နှင့် နည်းပညာ၊ လူငယ်နှင့် ပညာရေး၊ လူငယ်နှင့် မူးယစ်ဆေး၊ လူငယ်နှင့် ယဉ်ကျေးမှု စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးရာ တက်ရောက်လာသော မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ဒေါ်ခင်သန်းနွဲ့(မမ-လားရှိုး)၊ လားရှိုး ခရိုင်ပညာရေးမှူး ဒေါ်ခင်ဝင်းကြည်နှင့် ကျောင်းသား/ကျောင်းသူများက မိမိတို့၏အတွေးအမြင်များကို ပူးပေါင်းပါဝင်ကာ ပြန်လည် ဆွေးနွေးခဲ့ကြသည်။


အဆိုပါလူငယ်စကားဝိုင်းသို့ လားရှိုးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ လားရှိုးခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၁၃၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။


စိုင်းအောင်ကျော်စိုး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)