မအီမြို့ အမှတ်(၄)ရပ်ကွက် အလယ်တန်းကျောင်း(ခွဲ) ပြင်ဝန်းတွင် ပညာရေးစုံညီပွဲတော်အထိမ်းအမှတ်အားကစားပြိုင်ပွဲများကျင်းပလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့ အမှတ်(၄)ရပ်ကွက် အလယ်တန်းကျောင်း(ခွဲ) ပြင်ဝန်းတွင် ပညာရေးစုံညီပွဲတော်အထိမ်းအမှတ်အားကစားပြိုင်ပွဲများကျင်းပလျက်ရှိ





MNP  -   ဇန်နဝါရီ     ၇

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ အမှတ်(၄)ရပ်ကွက် အလယ်တန်းကျောင်း(ခွဲ) ပြင်ဝန်း တွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းက စတင်၍ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။


အားကစားပြိုင်ပွဲများကို အထက်တန်း/အလယ်တန်း/မူလတန်းအဆင့် ကျောင်းသူကျောင်းသားများက ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီ ပြိုင်ပွဲများအနေဖြင့် အလယ်တန်းအဆင့် (ကျား)ဘောလုံးပွဲကို အသင်း(၅)သင်းဖြင့် အမှတ်(၄)ရပ်ကွက် အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားလျက်ရှိပြီး ဇန်နဝါရီလ ၉/၁၀/၁၁ ရက်နေ့များတွင် လွန်ဆွဲပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ စံကောရွက်ပြိုင်ပွဲ၊ အမြင့်ခုန်ပြိုင်ပွဲနှင့် မီတာ(၁၀၀) အပြေးပြိုင်ပွဲများကို အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများက  ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး အပ်ချည်ထိုး၊ ဖားခုန်၊ ဂုံနီအိတ်စွပ်၊ ကွမ်းသီးကောက်၊ မုန့်စား စသည့် အားကစားပြိုင်ပွဲများကို မူလတန်းအဆင့် ကျောင်းသားကျောင်းသူများက ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သိရသည်။


ဖော်ပြပါ အားကစားပြိုင်ပွဲများ၌ ဆုရရှိသူများကို  ဇန်နဝါရီ (၁၂)ရက်နေ့ ညနေပိုင်းတွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ အ လ က(ခွဲ) ပြင်ဝန်း၏ ပညာရေးစုံညီပွဲတော် ပဒေသာကပွဲ ကျင်းပပြုလုပ်ရာ စင်မြင့်ပေါ်၌ ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ဆုချီးမြှင့်ပွဲတွင် (၄၈)နှစ်မြောက်၊ ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိခဲ့သော ကျောင်းသားကျောင်းသူများကိုလည်း တစ်ပါတည်း ဆုချီးမြှင့်ပေးသွားမည်ဖြစ်ပါကြောင်းတို့ကို အဆိုပါ အ လ က(ခွဲ) ပြင်ဝန်းကျောင်းမှ တာဝန်ခံကျောင်းအုပ်ကြီး ဦးထွန်းထွန်းမင်းက ပြောကြားခဲ့သည်။


မောင်မောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)