(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အုတ်တွင်းမြို့နယ် ဌာနဆိုင်ရာပေါင်းစုံ ဘောလုံးပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အုတ်တွင်းမြို့နယ် ဌာနဆိုင်ရာပေါင်းစုံ ဘောလုံးပြိုင်ပွဲ ကျင်းပ




MNP  -   ဇန်နဝါရီလ ၁

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် အုတ်တွင်းမြို့နယ် ဌာနဆိုင်ရာပေါင်းစုံ ဘောလုံးပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အားကစားကွင်း၌ ကျင်းပသည်။


အဆိုပါ ပြိုင်ပွဲ၌ အုတ်တွင်းမြို့နယ် ဌာနဆိုင်ရာပေါင်းစုံအသင်းနှင့် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီ လက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြို့နယ်အားကစားနှင့် ကာယပညာကော်မတီလက်ရွေးစင် အသင်းက လေးဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။


အုတ်တွင်းမြို့နယ်အနေဖြင့်၂၀၂၃ခုနှစ် ဇန်နဝါရီ ၄ ရက် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့တွင် အုတ်တွင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနနှင့် အားကစားကော်မတီတို့ ပူးပေါင်း၍ အားကစားပြိုင်ပွဲများနှင့် ဆုပေးပွဲများ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။


အေမင်းရည်စော

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)