၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် ပညာရည်ချွန်ဆုချီးမြှင့်ခြင်းနှင့် အားကစားထူး ချွန်ဆုများ ချီးမြှင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် ပညာရည်ချွန်ဆုချီးမြှင့်ခြင်းနှင့် အားကစားထူး ချွန်ဆုများ ချီးမြှင့်ပွဲအခမ်းအနားကျင်းပ


MNP  -     ဇန်နဝါရီ    ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္ဿာတမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ဟင်္သာခန်းမတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် ပညာရည်ချွန်ဆု ချီးမြှင့်ခြင်းနှင့် အားကစားထူးချွန်ဆုများ ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီက ကျင်းပပါသည်။


ရှေးဦးစွာ ကျောင်းသား/သူလေးများမှ “ဘက်စုံပညာရည် တို့လှမ်းချီ” သီချင်းဖြင့် သီဆို ဖျော်ဖြေပြီး ဟင်္ဿာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမြင့်သန်းဝင်းက အဖွင့်အမှာစကား ပြောကြားပြီး၊ ခရိုင်ပညာရေးမှူး ဦးတိုးဝင်းက မြို့နယ်ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပါသည်။ ယင်းနောက် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား (၅၀)အထက် အောင်ချက်အကောင်းဆုံးကျောင်းများနှင့် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာ ပြည်)၊ အမှတ်စဉ်(၉၉) အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်းတွင် စံပြသင်တန်း သားဆု ရရှိသော ဆရာနှင့် မြို့နယ်အဆင့် လူရည်ချွန်ဆု ရရှိသော ကျောင်းသား/သူ များ၊ ဉာဏဆုများ၊ အားကစားထူးချွန်ဆုများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ကြပါသည်။ ထို့နောက် အ.လ.က(၃)ဟင်္သာတမှ ကျောင်းသား/သူ များက “ထာဝရသစ္စာ”သီချင်းဖြင့် ကပြဖျော်ဖြေပါသည်။


အဆိုပါ စုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် ပညာရေးမှူးနှင့် ဆရာ/ဆရာမများ၊ အခြေခံပညာ ကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသား/သူများ၊ ကျောင်းအကျိုး တော်ဆောင်များ၊ ကျောင်းသားမိဘများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ ကြပါသည်။


စန္ဒာခင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)