မိုးနဲမြို့နယ်၌ ပင်စင်လစာငွေများ စတင်ထုတ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးနဲမြို့နယ်၌ ပင်စင်လစာငွေများ စတင်ထုတ်ပေး



MNP  -   ဇန်နဝါရီ ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ အငြိမ်းစားပင်စင်လစာငွေများကို ယနေ့နံနက် ၉ နာရီ အချိန်ကစ၍ မြန်မာ့စီးပွားရေးဘဏ်၌ စတင်ထုတ်ပေးလျက်ရှိရာ အေးချမ်းစွာ လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။


အငြိမ်းစားပင်စင်လစာငွေများကို လစဉ် နိုင်ငံ့ဝန်ထမ်းလစာငွေများမပေးမီ ၂၁ ရက်နေ့နှင့် နောက်ပိုင်း ရုံးပိတ်ရက်မှအပ ထုတ်ပေးလျက်ရှိကြောင်း၊ ယခုလတွင် ၂၁ ရက်နေ့နှင့် ၂၂ ရက်နေ့သည် ရုံးပိတ်ရက်ဖြစ်သည့်အတွက် ၂၃ ရက်နေ့ ယနေ့မှစ၍ စတင်ထုတ်ပေးလျက်ရှိကြောင်း၊ မိုးနဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ လာရောက်ထုတ်ယူသည့် ပင်စင်အမျိုးအစား (၄)မျိုးရှိကြောင်း၊ ပင်စင်စား စုစုပေါင်း ၃၄၃ ဦးရှိကြောင်း၊ ပင်စင်စားများအနေဖြင့် ပင်စင်လစာငွေများကို (၆) လအထိ ထားပိုင်ခွင့်ရှိသဖြင့် (၄)လတစ်ကြိမ် (၆)လတစ်ကြိမ် လာရောက်ထုတ်ယူသူများလည်းရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ထုတ်ပေးလျက်ရှိကြောင်း ဘဏ်တာဝန်ရှိသူထံမှ သိရသည်။


ဇင်ကိုကို

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)